Thursday, November 9, 2017
๐ŸŽŒ။ แ€žာแ€žแ€”ာ့แ€กแ€œံ၏ แ€กแ€“ိแ€•แธါแ€š်•~~~•~~~•~~~•~~~•
ဘာသာ​ရေး
။ သာသနာ့အလံ၏ အဓိပ္ပါယ်
•~~~•~~~•~~~•~~~•
အပြာရောင်    =  သဒ္ဓါတရား
အဝါရောင်     =   မြင့်မြတ်မှု
အနီရောင်     =   ပညာ
အဖြူရောင်    =   စင်ကြယ်ခြင်း
ပန်းနုရောင်    =   တဏှာကင်းစင်ခြင်း
ထိုအရောင်များ အားလုံးကိုစုပေါင်းပြီး အရိယာသူတော်စင်၏
ဂုဏ်ပုဒ်များဆိုပြီး တစ်ချို့က ဖွင့်ဆိုထားကြပါသည်။
မဇ္ဈိမခရီးသည်တို့ကတော့ ဒီလိုဖွင့်ဆိုလိုက်ပါတယ်။
သာသနာ့အလံ
*************
နီလ အပြာ
ကြည်လင်ကာ မာယာကင်း
လူမှုဝန်ထမ်း ပေးစွမ်းအရောင်--။
ပီတ အဝါ
တီထွင်ကာဆန်းသစ်
လက်တွေ့ကြိုက်တာ
သစ္စာအရောင်--။
လောဟိတာတဲ့ အနီရောင်
ဇွဲသတ္တိပြောင်
ရဲရင့်ဆောင်၍
မြင့်မြတ်သည့်ရောင်--။
သြဒါတ အဖြူ
တွဲလက်ကူ ကြည်ဖြူကမ်း
သစ္စာလွှမ်း၍ မေတ္တာစမ်း
အေးချမ်းသည့်ရောင်--။
မဉ္ဇိဋ္ဌဟူ ပန်းနုရောင်သည်
မာန်ထောင်မှုကင်း
ဟန်ဆောင်ရှင်း၍
ပန်းရောင်ခင်ခင်
မြဲသစ်လွင်လျှက်
ကူညီတတ်သည်--။
ပဘဿရ
ကွန့်မြူးလတ်သော်
ပြိုးပြိုးပြက်ပြက်
ခြောက်ရောင်စပ်၍
လောကဓါတ်တစ်ခွင်
သောကစင်သည်--။
        မဇ္ဈိမခရီးသည် ( ပြင်ရှည်မြေ )
        17-12-2016 ( Saturday )-12;16.am./
===================================
နီလ   =  အပြာရောင်
********************
စိတ်ကြည်လင်တယ်။
တစ်ကိုယ်ကောင်းသမား မဟုတ်ဘူး။
သစ္စာရှိပြီး လူမှုဝန်ထမ်းစိတ်ရှိတယ်။
ပီတ     =  အဝါရောင်
********************
လက်တွေ့သမားဖြစ်တယ်။
အနုပညာကို စိတ်ဝင်စားတယ်။
တီထွင်ကြံဆနိုင်စွမ်းရှိတယ်။
လောဟိတ  =  အနီရောင်
***********************
ရဲရင့်ပြတ်သားပြီး။
သူရသတ္တိရှိတယ်။
စိတ်ဓါတ်ခိုင်မာပြီး မြင့်မြတ်တဲ့ စိတ်ဓါတ်ရှိတယ်။
သြဒါတ   =  အဖြူရောင်
**********************
ဝါကြွားမောက်မာမှု ကင်းရှင်းတယ်။
သစ္စာတရားကို မြတ်နိုးတယ်။
စိတ်ရင်းဖြူစင်ပြီး
သူတစ်ပါးကို ကူညီလေ့ရှိတယ်။
မဉ္ဇိဋ္ဌ    =  ပန်းနုရောင်
*********************
နုပျိုသစ်လွင်မှုရှိပြီး
အမြဲတမ်းသစ်လွင် နေလေ့ရှိတယ်။
ပဘဿရ  =  ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသောအရောင်
*********************************************************
ဗုဒ္ဓမြတ်စွာ ရောင်ခြည်တော်ကွန့်မြူးနေတဲ့ အချိန်
ထွက်ပေါ်လေ့ရှိသော ဤခြောက်ရောင်အားပေါင်းစပ်သောဝ်
မြတ်ဗုဒ္ဓ၏ မေတ္တာကြောင့် ငြိမ်းအေးသောလောက
ချမ်းသာသော သုခဘုံသို့ လမ်းညွှန်သောတံခွန်
( သာသနာ့အောင်လံ ) ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါရစေ။
မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်အောက်သို့ ရောက်လာသူတိုင်း
ကျမ္မာ/ချမ်းသာကြပါစေ။
==================================သာသနာအလံရဲ့.
.သာသနာ့အလံ​တော်​အ​ကြောင်းကိုအဓိပ္ပါယ်​ဖွင့်​ဆိုခြင်း
(ဗဟုသုတအဖြစ် လူတိုင်းသိသင့်သည် ထင်လို့ပါ)
----------------------
အလံဆိုတဲ့သ​ဘောက​တော့ အထိမ်းအမှတ်​ပြုတဲ့အရာ​တစ်ခုအဖြစ်​သတ်​မှတ်​သုံးစွဲလေ့ရှိကြတဲ့ပစ္စည်းတစ်မျိုးပါ
စစ်​တိုက်​တဲ့အခါ ရဲရင့်​မှု၊တက်​ကြွမှု၊ ​အောင်​မြင်​မှုများကိုရရှိနိုင်​ရန်​ရည်​ရွယ်​၍ အောင်လံတော် အဖြစ် အလံကို
လွှင့်ထူပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။
ထို့အတူ ...
မြတ်​စွာဘုရားရဲ့သာသနာ့အလံဟာလည်း ကိ​လေသာရန်​သူတို့ကိုအနိုင်​တိုက်​ယူဖို့
လွှင့်​ထူထားတဲ့​အောင်​လံ​တော်​ပဲဖြစ်​ပါတယ်​ ...
မြတ်​စွာဘုရားလက်​ထက်​​တော်​ကတည်း​က သာသနာ့အလံဆိုတာရှိခဲ့​ပေမဲ့ ယခု​ခေတ်​ သုံးစွဲ​နေတဲ့အလံမျိုး​တော့ မဟုတ်​ပါဘူး ...
မြတ်​စွာဘုရားနဲ့သံဃာ​တော်​များ ၀တ်​ရုံ သုံးစွဲ​တော်​မူခဲ့
ကြတဲ့ သင်္ဃန်း​တော်​ကိုပဲ သာသနာ့အလံ၊​ အောင်​လံ​တော်​အဖြစ်​သုံးစွဲ ခဲ့ကြခြင်းဖြစ်​ပါတယ်​ ...
သာသနာ့အလံ​တော်​ဟာ ခရစ်​နှစ်​ ၁၈၈၅ ခုနှစ်​၊ ​မေလ ၂၈ ရက်​​နေ့ကစတင်​ပြီး
      မြန်​မာနိုင်​ငံနဲ့​ ​ထေရ၀ါဒနိုင်​ငံများမှာ စတင်​​ပေါ်​ပေါက်​လာခဲ့ခြင်းဖြစ်​ပါတယ်​ ...
သာသနာ့အလံကို အ​မေရိကန်​နိုင်​ငံသား အငြိမ်းစား​ဗိုလ်​မှူးကြီး ဟင်​နရီစတီးလ်
မြန်​မာနိုင်​ငံကကျမ်းတတ်​အ​ကျော်​အ​မော်​ဆရာ​တော်​ကြီးများရဲ့လမ်းညွှန်​ချက်​များ ကို ခံယူခဲ့ကြပြီးပြုလုပ်​ခဲ့ကြခြင်း ဖြစ်​ပါတယ်​ ...
ယ​နေ့အထိဆိုရင်​သာသနာ့အလံ​တော်​​ပေါ်လာခဲ့တာ ၁၃၂ နှစ်​ရှိပါပြီ ...
တွင်​တွင်​ကျယ်​ကျယ်​သုံးစွဲခဲ့ကြတာက​တော့ မြန်​မာနိုင်​ငံမှာ ဆဋ္ဌသင်္ဂါယနာတင်​ခဲ့တဲ့
ခရစ်​နှစ်​ ၁၉၅၄ ခုနှစ်​၊ ​မေလ ၁၈ ရက်​ ၊​ကောဇာသက္ကရာဇ်​ ၁၃၁၆ ခုနှစ်​၊ကဆုန်​လပြည့်​ တနင်္လာ​နေ့ကျမှပဲသုံးစွဲခဲ့ ကြခြင်းဖြစ်​ပါတယ်​ ...
သာသနာ့အလံကိုအ​ရောင်​​ခြောက်​မျိုးနဲ့လုပ်​ထားပါတယ်
အဓိပ္ပါယ်​က​တော့ ...
       မြတ်​စွာဘုရားရဲ့ခန္ဓာကိုယ်​အစိပ်​စိပ်​မှထွက်​​ပေါ်လာတဲ့​ရောင်​ခြည်​​တော်​​ခြောက်​ပါး ကိုရည်​ရွယ်​ပြီးပြုလုပ်​ထားခြင်းဖြစ်​ပါတယ်​ ...
အဲဒီ​ရောင်​ခြည်​​တော်​​ခြောက်​ပါးက​တော့ ...
       ၁ ။  နီလ ... အပြာ​ရင့်​ရောင်
       ၂ ။  ပီတ ... အ၀ါရင့်​​ရောင်
       ၃ ။  ​လောဟိတ ... အနီ​ရောင်
       ၄ ။  သြဒါတ ... အဖြူ​ရောင်
       ၅ ။  မဉ္ဇိဌ ... ပန်းနု
       ၆ ။ ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေ သော အရောင်တို့ပဲဖြစ်​ပါတယ်​ ...
သာသနာ့အလံတော် ၏အဓိပ္ပါယ်မှာ ...
ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး၊ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်​ပါတယ်​ ...
သာသနာ့အလံ​တော်​၏အရွယ်​အစားက​တော့ ...
အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားပါတယ်​ ..
သာသနာ့အလံ​တော်​၏ အ​ရောင်​စဉ်​အတိုင်းချုပ်​လုပ်​ရပုံက​တော့ ...
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော် ...
နီလ = အပြာရင့်ရောင်
ပီတ = အ၀ါရင့်ရောင်
လောဟိတ = အနီရောင်
သြဒါတ = အဖြူရောင်
မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်) အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရပါတယ်​ ...
သာသနာ့အလံ​တော်​ကို အသုံးပြုရမည့်နေ့ရက်များက​တော့ ...
ကဆုန်လပြည့် (ဗုဒ္ဓနေ့)
နယုန်လပြည့် (မဟာသမယနေ့)
ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
ဝါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)​တွေမှာလွှင့်​ထူရပါမယ်​ ...
သာသနာ့အလံ​တော်ကို​ပွဲတော်နှင့် အခမ်းအနားများအ​နေနဲ့ ...
ဝါဆိုပွဲတော် အခမ်းအနား
အဘိဓမ္မာအခါတော်နေ့
ကထိန်ပွဲတော်
ရဟန်းခံရှင်ပြုပွဲ
ဆွမ်းကြီးလောင်းလှူပွဲ
စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
ဘုရားထီးတင်ပွဲ
ဗုဒ္ဓပူဇနိယပွဲတော်
အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
သံဃာ့အစည်းအဝေး
သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင်အသုံးပြုနိုင်​ပါတယ်​...
သာသနာ့အလံ​တော်​ကိုလွှင့်​ထူအသုံးပြုတဲ့အခါ ...
အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရပါမယ်​ ...
လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင်
အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက် ရှိနေစေရပါမယ်​ ...
မိမိချည်​မဲ့တိုင်​ဖက်​ကအပြာ​ရောင်​ကိုထားရပါမယ်​ ...
မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရပါမယ်​ ... ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရပါမယ်​ ...
သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်​ဆင်​အသုံးပြုရမှာဖြစ်​ပါတယ်​။
မြတ်​စွာဘုရားရဲ့သာသနာ့​အောင်​လံ​တော်​ဟာ ကိ​လေ သာရန်​သူ​တွေကိုအနိုင်​တိုက်​ယူ
ဖို့ဆိုတဲ့ရည်​ရွယ်​ချက်​နဲ့ လွှင့်​ထူထားခြင်းဖြစ်​ပါတယ်​ ...
ဒါ​ကြောင့်​ ...
ဓမ္မမိတ်​​ဆွေများလည်း သာသနာ့​အောင်​လံ​တော်​ကို လွှင့်​ထူရတဲ့ရည်​ရွယ်​ချက်​အတိုင်း
ကိ​လေသာရန်​သူဟူသမျှကို အနိုင်​တိုက်​ယူနိုင်​ကြပါ​စေ။
Cd : Pyi Chit
ပြန်လည်ပေါင်းကူးမျှဝေပါသည်။ သာသနာ့အလံ၏ အဓိပ္ပါယ်