Tuesday, November 19, 2019

သက္ကရာဇ်များအကြောင်း

သက္ကရာဇ်များအကြောင်း

မြန်မာ့ သမိုင်း ရာဇဝင် တွေကိုဖတ်တဲ့အခါ မဟာသက္ကရာဇ်၊ သာသ
နာ သက္ကရာဇ်၊ ကောဇာ စသည်ဖြင့်တွေ့ပြီး ကမ္ဘာ့သမိုင်းစာပေတွေ
မှာတော့ အေဒီ၊ ဘီစီ တို့ကိုတွေ့လို့ ခုနှစ် သက္ကရာဇ်တွေအကြောင်းကို သိချင်သူများအတွက် ရှာဖွေတင်ပြလိုက်ပါတယ်။

၂၄ နာရီ ကို တစ်ရက် ဟု သတ်မှတ်ပြီး ၃၆၅ ရက် ကို အချိန် တစ်နှစ်
ဟု သတ်မှတ်ပါတယ်။ တစ်နှစ်ကို သက္ကရာဇ် တစ် အဖြစ်လည်း သတ်မှတ်ပါတယ်။ အောက်ပါအတိုင်း သက္ကရာဇ် ၅ မျိုး ရှိပါတယ်။

၁။ မဟာ သက္ကရာဇ် = ဂေါတမဘုရားရှင်၏ အဘို ဒေဝဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး လက်ထက်တွင် မူလရှိပြီး သက္ကရာဇ် ၈၆၄၅
ခု ကိုဖြိုကာ မဟာသက္ကရာဇ် ၁ ခုကို စတင်ရေတွက်ပါတယ်။ သ က္ကရာဇ်လို့ခေါ်ရခြင်း အကြောင်းကတော့သာကီဝင်မင်းများစတင်ရေ
တွက်သော နှစ် (သက္က+ရာဇ) ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတယ်
လို့ ဆိုပါတယ်။ ဒီ မဟာသက္ကရာဇ်ဟာ အဖြိုခံလိုက်ရတဲ့အတွက်ကြောင့် သက်တမ်း ၁၄၈ နှှစ်ပဲ ကြာခဲ့ပါတယ်။

၂။ သာသနာ သက္ကရာဇ် = မဟာသက္ကရာဇ် ၁၄၈ ခု ကိုရောက်တဲ့ အခါ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံတော်မှုပါတယ်။ ပရိနိဗ္ဗာန်စံပြီး
လေး လ အကြာမှာ ရာဇဂြိုဟ်ပြည့်ရှင်ဘုရင်အာဇာတသတ်
ကြီးကြပ်၍ ပထမသင်္ဂါရတနာတင်ပြီးနောက် မဟာသက္ကရာဇ်ကို
ဖြိုကာ သာသနာသက္ကရာဇ် ၁ ခု လို့ စတင်ရေတွက်ပါတယ်။ ဒီကနေ
ပြီး သာသနာ သက္ကရာဇ်ဟာ ပေါ်ပေါက်လာခဲ့ပါတယ်။

၃။ ကောဇာ သက္ကရာဇ်၊ မြန်မာသက္ကရာဇ် = သာသနာ သက္ကရာဇ်
၆၂၄ ခု ရောက်တဲ့အခါ သရေခတ္တရာမင်းဆက် သုမုန္ဒရီမင်းက သက္က
ရာဇ် ၆၂၂ ခု ကို ဖြိုကာ မြန်မာ သက္ကရာဇ် ၂ ခုက စတင်ရေတွက်ပါ
တယ်။( အလွယ်ပြောရင် သာသနာ သက္ကရာဇ် ၆၂၄ခု ကို ဖျက်လိုက်ပြီး မြန်မာသက္ကရာဇ် ၂ ခုလို့ပြင်လိုက်တာပါ)

ဒီသက္ကရာဇ်ကို ဆက်လက် သုံးစွဲခဲ့ပြီး ၅၆၂ ခု ရောက်ချိန် ပုဂံပြည် ပုပ္ပါးစောရဟန်းမင်းလက်ထက်မှာ သက္ကရာဇ် ၅၆၀ ကို ဖြိုလိုက်ပြီး ၂ ခုကနေ ရေတွက်ပြန်ပါတယ်။ အခုကျွန်တော်တို့ သုံးနေတဲ့ မြန်မာပြက္ခ
ဒိန်ဟာ ဒီကနေစတာပဲ ဖြစ်ပါတယ်။
အခုရောက်ရှိနေတဲ့ မြန်မာသက္ကရာဇ် နဲ့ ဖြိုခဲ့တဲ့နှစ်တွေကို ပေါင်းလိုက်
ရင် ၁၃၇၇+၅၆၀+၆၂၂ = ၂၅၅၉ ဆိုတဲ့သာသာနှစ်ကို သိရမှာပဲဖြစ်ပါ
တယ်။

၄။ ခရစ် သက္ကရာဇ် ( ဘီစီ ) = ကမ္ဘာ့လူမျိုးအသီးသီးမှာ ရေတွက်ပုံစနစ်
တွေများစွာရှိပေမယ့် တစ်ကမ္ဘာလုံးသိတဲ့ သက္ကရာဇ်တွေကတော့ ဘီစီ နဲ့ အေဒီ ပဲ ဖြစ်ပါတယ်။ ဘီစီ ဆိုတာ ခရစ်တော်မပေါ်မီကာလကို ဆို
ပါတယ်။
B C ( BCE ) = before Christ ( placed after a date, indicating
that it is before the Christian era. Usage- in 72 BC, ( not BC
72 ) [Oxford Dictionary]

၅။ ခရစ် သက္ကရာဇ် ( အေဒီ ) = အေဒီ ဆိုတာက ခရစ်တော်ပေါ်ပြီး အချိန်ကနေ စတင်ရေတွက်ပါတယ်။ ကျွန်တော်တို့လက်ရှိသုံးနေတဲ့ အင်္ဂလိပ်ခုနှစ် ဟာ အေဒီဖြစ်ပါတယ်။
A D ( CE ) = Anno Domini ( used to indicade that a date
comes the specified number of years the traditional date of Christ’s birth ) AD is an abbreviation of latin Anno Domini .
it is normal to write the third century AD . AD should be
placed before the numerals, as in AD 375 ( not 375 AD )
[Oxford Dictionary]

Ref:

မြန်မာ့စွယ်စုံကျမ်း
Oxoford Dictionary
မြန်မာ့သက္ကရာဇ်တွေရဲ့ အဓိပ္ပါယ်- အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )
https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.38255
Credit .....
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕