Wednesday, March 4, 2020

၃ပျောက်လို့ိ ၅ကွယ်၆ရွာနဲ့လွဲ ပျိုတို့မောင်ရွှေရောင်လွဲတယ်၄ရွာကဆွဲ အဓိပ္ပာယ်

၃ပျောက်လို့ိ ၅ကွယ်၆ရွာနဲ့လွဲ ပျိုတို့မောင်ရွှေရောင်လွဲတယ်၄ရွာကဆွဲ အဓိပ္ပာယ်
.............................................................
၃ပျောက် ဆိုတာကရတနာသုံးပါးကို မေ့မေ့ပျောက်ပျောက်နေတာ။

(ရတနာသုံးပါး- ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး)

၅ကွယ် ဆိုတာက ငါးပါးသီလ မပြည့်စုံတာ။

အဲဒီလို ၃ပျောက်ပြီးတော့ ၅ကွာသွားရင်

၆ရွာနဲ့လွဲဆိုတာက နတ်ပြည် ခြောက်ထပ်နဲ့ လွဲရင်

ပျိုတို့မောင်ရွှေရောင်လွဲတယ်ဆိုတာက

ပျိုတွေ မောင်တွေမယ်တွေ ဖြစ်လေရာဘဝတိုင်းမှာ ရွှေလိုတန်ဖိုး ရှိလှတဲ့သာသနာတော်ကြီးနဲ့လွဲချော်ပြီး

၄ရွာကဆွဲဆိုတာက အပါယ်လေးဘုံမှာ ခံံရမှာ အသေအချာပါ

(အပါယ်လေးဘုံ – ငရဲ ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသူရကယ်)

Credit,မေသပြေ


မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕