Saturday, July 24, 2021

Wednesday, July 14, 2021

ဒီပုံဟာ ဘာကိုဆိုလိုသလည်းဆိုရင်

ဒီပုံဟာ ဘာကိုဆိုလိုသလည်းဆိုရင်

ရေကန်မှာ အပေါ့စွန့်ရင် အရောင်ပြောင်းတဲ့ဆေး ထည့်ထားတယ်..

ပုံထဲမှာ လူတိုင်း အပေါ့စွန့်တော့ ရေတွေက အဝါရောင်ဖြစ်ကုန်တယ်....

အပေါ့မစွန့်တဲ့ လူနေရာမှာပဲ ရေရောင် အမှန် ကျန်နေခဲ့တာ....

ဒါပေမယ့် သူ့ကိုပဲ ငပေါကြီးလို ငအကြီးလို ဝိုင်းဟားကြတယ်....

ဘာကိုပြသလဲဆိုတော့ အမှားလုပ်တဲ့သူတွေများလာတဲ့အခါ

လူမှန်တွေကပဲ တုံးသလို အ သလို ဖြစ်လာတယ် ဆိုတာပါပဲ.....

လူမှန်တွေ လူအ တွေဖြစ်လာပြီး မဖြေရှင်းတဲ့အခါ...
အမှားလုပ်ထားတဲ့ လူတွေက ပဲအမှန်ယောင်ဆောင်ကြတယ်...

တခါတလေ လောကကြီးမှာ သင်မသိလိုက်တဲ့အမှန်တရားတွေကို ရှင်းပြနေလို့လည်း နားလည်လာမယ်မဟုတ်ဘူး...

ဘယ်တော့မှာအများနဲ့တယောက်...
တယောက်ထဲသမား က ဘယ်လေါက်မှန်နေနေ..
အမြဲအရှုံးသမားပါ...

ဒါတွေကို ဖြေရှင်းမနေပါနဲ့...
အချိန်ကုန်တယ်...
ဘဝကြီးကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ...

Credit. OriginalUploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


သင်ရွေးတဲ့လမ်းဟာ... သင့်သမိုင်းပါပဲ

သင်ရွေးတဲ့လမ်းဟာ... သင့်သမိုင်းပါပဲ

ယုတ်မာမှုကို ယုတ်မာမှုလို့ မမြင်တာဟာ
သင်ကိုယ်တိုင် လူယုတ်မာ ဖြစ်နေလို့ပါ ။

မတရားမှုကို တရားတယ်လို့မြင်နေတာ
သင်ကိုယ်တိုင် မတရားတဲ့သူဖြစ်နေလို့ပါ ။

ကောက်ကျစ်မှုကို ဖြောင့်မတ်မှုလို့မြင်နေတာ
သင်ကိုယ်တိုင် ကောက်ကျစ်သူဖြစ်နေလို့ပါ ။

သင်ရွေးတဲ့ လမ်းဟာ
နောင်တချိန်မှာ .. သင့်သမိုင်းဖြစ်လာမှာပဲ ။

credit:သက်တန့်ချို

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕