Tuesday, November 28, 2017

မှတ်သားသင့်သော စကားများ •••••••••••••••••



၁။ မေတ္တာဆိုတာ အဟောင်းအသစ်
   အားလုံးကို မြတ်နိုးတာပါပဲ။

၂။ အနိုင်အရှုံးဆိုတာ ပွဲအစမှာ
   ဖြစ်တာမဟုတ်ဘူး အဆုံးသတ်ကို ကြည့်တာ။

၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ။

၎။ အလှအပကြောင့် ဘဝပျက်သလို
   မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်။

၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ ရသော
   အောင်မြင်မူသည် ရေရှည်တည်တံ့မည် မဟုတ်။

၆။ သစ်ပင်လို လေတိုက်ရာ ယိမ်းနေပေမဲ့
   မှောက်လဲကမသွားပါစေနဲ့။

၇။ လက်တွေ့လုပ်ဆောင်ချက်က
   စကားလုံးတွေထက် ပိုပြီးကောင်းမွန်တယ်။

၈။ အစွန်းရောက်လွန်းရင် ပြုတ်ကျတတ်တယ်။

၉။ ရွှေဆိုတာ ရှားပါးပစ္စည်းမို့ တန်ဖိုးရှိတာမဟုတ်
   သူ့ရဲ့ ဂုဏ်သတ္တိတွေကြောင့် တန်ဖိုးရှိတာပါ။

၁၀။ စိတ်ကူးယဉ်တယ်ဆိုတာ ငွေမပေးရပေမယ့်
   အချိန်ပေးရတယ်။

၁၁။ ကိုယ်တတ်နိုင်သလောက် လောကကြီးကို ကူညီပါ,
   ကိုယ်မတတ်နိုင်သေးရင်တော့ မနှောက်ယှက်ပါနှင့်။

၁၂။ သူတစ်ပါးအပြစ်ကို များများရှာလေ
   ကိုယ့်ဘဝမတိုးတက်လေပါပဲ ကိုယ့်အပြစ်ကို ရှာပါ။

၁၃။ ဘဝတိုးတက်နေဖို့ အမြဲတက်ကြွနေပါ မင်းရဲ့
   အောင်မြင်တိုးတက်မူအပေါ် ကြွတက်တော့ မဖြစ်စေနဲ့ပေါ့။

၁၄။ စကားသည်တကယ်တော့ မြားမဟုတ်ပေ
    သို့သော် မြားထက်ပို၍ စူးပါသည်။

၁၅။ အရှုံးထဲကရလာတဲ့ အတွေ့အကြုံဆိုတာ အောင်ပွဲရှိရာ
    လမ်းညွှန်နေတဲ့ လမ်းပြကြယ်လေးပါ။

၁၆။ မျက်လုံးကန်းတာထက် အသိကန်းတာက ပိုဆိုးတယ်။

၁၇။ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ သူတစ်ပါးကို
   အပြစ်မတင်လိုက်နဲ့ သူ့မှာလည်း သူ့အကြောင်းနဲ့သူလေ။

၁၈။ အတွေ့အကြုံချင်း တူချင်တူမယ် ဒါပေမယ့်
   ခံယူချက်အမြင်ချင်းတော့ ကွဲပြားတတ်တယ်။

၁၉။ လူတစ်ယောက်ရဲ့အကြောင်းကို သေချာမသိပဲ
   ဝေဖန်ပြောဆိုခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်တစ်ခုပါပဲ။

၂၀။ ထူးချွန်ပြီး ရိုးသားသူအတွက်
    နေရာတစ်နေရာ အမြဲရှိနေပါတယ်။

၂၁။ ကိုယ်ဖြစ်ချင်တာဖြစ်ခွင့်မရရင်တောင် သူများဖြစ်ချင်တာကို
    ဖြည့်ဆည်းပေးနိုင်ရင် ကျေနပ်ဖို့ကောင်းပါတယ်။

၂၂။ အပြစ်မြင်တတ်တဲ့စိတ်,သံသယရှိနေသရွေ့
    ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်ဘူး။

၂၃။ ထက်မြက်သွက်လက်တာနဲ့ လျပ်ပေါ်လော်လည်တာ
    တစ်ခြားစီပါနော်။

၂၄။ အမြင်မှားရင်တော့ အမှားမြင်တော့မှာပဲ။

၂၅။ သင့်ရဲ့စွမ်းအား အစွမ်းကုန်ထုတ်မသုံးသမျှ
   အကောင်းဆုံးကို သင်မရနိုင်။

၂၆။ အခြေအနေကိုစောင့်ကြည့်တတ်ခြင်းဟာလည်း
   အောင်မြင်ဖို့အတွက် နည်းလမ်းတစ်လမ်းပါပဲ။

၂၇။ အတိတ်ကို မေ့ချင်မေ့ပါ ဘဝကို မမေ့ပါနဲ့။

၂၈။ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်းဟာလည်း
   လူတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။

၂၉။ ဘယ်လောက်ပဲ အမှားကိုကျူးလွန်တဲ့သူ ဖြစ်ပါစေ
    အမှားကို မှားမှန်းသိလို့ ပြန်တောင်းပန်ရင် ထိုသူကို
   ခွင့်လွှတ်ပေးနိုင်ရပါမယ်။

၃၀။ လောဘကို အသောသတ်နိုင်မှ သောကဇာတ်သိမ်းမှာပေါ့။

၃၁။ လူတော်မဖြစ်ချင်နေ လူရှော်မဖြစ်စေနဲ့။

၃၂။ အသေချာဆုံး ရင်းနှီးမြုပ်နှံမူဟာ
    ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းပါပဲ။

၃၃။ ဤအလုပ်ကို သင်လုပ်ရမည်ဟု သိတာနဲ့ တပြိုင်နက်
    ထလုပ်လိုက်ပါ။

၃၄။ စာဘူးတောင်းငှက်တွေတောင် ကိုယ်လိုချင်တဲ့
   အသိုက်ကို ရအောင် ဆောက်နိုင်တယ်ဆိုရင် မိမိကကော
   ကိုယ်လိုချင်တဲ့ဘဝကို ဘာကြောင့်မတည်ဆောက်နိုင်ရမှာလဲ။

၃၅။ ဘယ်အတတ်ပညာမဆို တတ်သယောင်နဲ့
   ဟန်တွေသုံးနေသမျှ  ဥာဏ်တွေတုံးနေရမှာ သေချာတယ်။

၃၆။ သူများခိုင်းမှလုပ်တာ ကျွန်
     သခင်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ခိုင်း။

၃၇။ သည်းခံရခြင်းသည် ခါးသက်၏, သို့သော် ၄င်း၏
   အသီးအပွင့်များက ချိုမြိန်လှ၏။

၃၈။ စိတ်လှရင် ရုပ်လှတာထက် တန်ဖိုးရှိပါတယ်။

#credit, Forward Mail

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


No comments:

Post a Comment