Thursday, December 22, 2022

 အရာရာတိုင်းကို


လိုက်ပြီးဖြေရှင်းမနေနဲ့တော့


အချို့နားတွေက သူတို့ကြားချင်တာပဲ ကြားတတ်ကြတာ


ဘုန်းခေ


Ashinkhaymarsarra



Saturday, December 10, 2022

ဒီလို လူ ( ၁၀ ) မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ

 ဒီလို လူ ( ၁၀ ) မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ

~~~~~~~~~~~~~~~~~~~~ 


( ၁ ) ကိုယ် တစ်ကယ် ချစ်တဲ့သူကို တွေ့ခဲ့ရင်

သူနဲ့ဘဝတစ်လျှောက်လုံး လက်တွဲသွားဖို့

အခွင့်အရေး ရအောင်ကြိုးစားပါ ။ 


ဘာကြောင့်လဲ ဆိုတော့" သူ ထွက်သွားတဲ့အခါ

အရာအားလုံး နောက်ကျသွားပါလိမ့်မယ် ။ 


( ၂ ) ကိုယ် တစ်ကယ် ယုံကြည်ရတဲ့ သူငယ်ချင်းကို

တွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်

ဆက်ဆံသွားပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" ဘဝမှာ သူငယ်ချင်းအစစ်

တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ ။ 


( ၃ ) ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့

သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း 

ကျေးဇူးတင်ပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" သူဟာ ကိုယ့် ဘဝရဲ့

အလှည့်အပြောင်း ဖြစ်ခဲ့လို့ပါပဲ ။ 


( ၄ ) ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့ သူကို

တွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့

မမေ့ပါနဲ့။ 


ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ကို အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ ။ 


( ၅ ) ကိုယ့်ကို တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့ သူကို

တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့သူ့ကို နှုတ်ဆက်လိုက်ပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် ကိုယ်က

ပိုပြီး သတ္တိ ရှိလာခဲ့တယ် ။ 


( ၆ ) ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့

သူကို တွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေး

စကားစမြည် ပြောလိုက်ပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် မဟုတ်ရင်

ကိုယ်လည်း

လောက အကြောင်းကို သိလာမှာ မဟုတ်ဘူး ။ 


( ၇ ) ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့

သူကို တွေ့ခဲ့ရင် သူ့ကို ပျော်ရွှင်ပါစေဆိုပြီး

ဆုတောင်းပေးလိုက်ပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" ကိုယ် သူ့ကို တိတ်တခိုး

ချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုပဲ လိုလားခဲ့တာ မဟုတ်လား ။ 


( ၈ ) ကိုယ့် ဘဝထဲကနေ ထွက်သွားခဲ့တဲ့ သူကို

တွေ့ခဲ့ရင် သူ ကိုယ့်ဘဝထဲ ဝင်ခဲ့တာကို

ကျေးဇူးတင်လိုက်ပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ဘဝရဲ့

ပျော်ရွှင်စရာ ကောင်းတဲ့ အစိတ်အပိုင်းတစ်ခု

ဖြစ်ခဲ့ဖူးတယ်လေ ။ 


( ၉ ) ကိုယ့်ကို တစ်ချိန်က အထင်လွဲခဲ့ဖူးတဲ့ သူကို

တွေ့ခဲ့ရင် အချိန်မှီ ဖြေရှင်းချက် ပေးလိုက်ပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" သူ နားလည်အောင်

ဖြေရှင်းပေးဖို့ အခွင့်အရေးက တစ်ခါပဲ ရှိနိုင်လို့ပါ ။ 


( ၁၀ ) ယခု ကိုယ်နဲ့ဘဝတစ်လျှောက်လုံး

လက်တွဲသွားမယ့်သူကို တွေ့ခဲ့ရင် 

သူ ကိုယ့်ကို ချစ်တာ ရွေးချယ်ခဲ့တာကို 

ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ ။ 


ဘာဖြစ်လို့လဲ ဆိုတော့" အခု နှစ်ယောက်လုံး

ပျော်ရွှင်မှုနဲ့အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ ။ 


Credit:Original Uploader



Monday, October 31, 2022

လောကမှာ ဖေးမသလိုလိုနဲ့ တွန်းချမယ့်လက်တွေရှိတယ်

 လောကမှာ ဖေးမသလိုလိုနဲ့ 

တွန်းချမယ့်လက်တွေရှိတယ်


သနားသလိုလိုနဲ့

ဒဏ်ရာ နက်မနက် 

ပြန်လာကြည့်တဲ့ သူတွေလဲရှိတယ်


ရင်ဘတ်မှာ မေတ္တာဆိုင်းဘုတ်တပ်ထားပြီး

နောက်ကျောမှာ

ဓားဝှက်လာတဲ့သူတွေလဲရှိတယ်


သတိထားပါ။


Credit: Original Writer



Sunday, October 9, 2022

ဘဝအတွက် သိထားသင့်တဲ့ အသိတရား (၅)ခု Five things you should know for life

ဘဝအတွက် သိထားသင့်တဲ့ အသိတရား (၅)ခု

Five things you should know for life 


(၁) ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက် အပြေးမမြန်ဘူး။ ဒါပေမယ့် ရေထဲမှာတော့ ယုန်ထက် အပြေးမြန်ပါတယ်။

“ကိုယ့်ကိုယ်ကိုယ် နေရာအထားမမှားပါစေနဲ့” 


(၂) ကျီးကန်းက သိမ်းငှက်ကို အတုခိုးပြီး သိုးကို သွားဖမ်းတယ်။ သူ့လက်သည်းတွေ သိုးအမွေးမှာ ငြိနေခဲ့လို့ နောက်ဆုံးမှာ သိုးကျောင်းသားရဲ့ လက်ချက်နဲ့ သေပွဲဝင်ခဲ့ရတယ်။ ပြောချင်တာက ငှက်တိုင်းက သိမ်းငှက် မဖြစ်နိုင်ပါဘူး။ “ကိုယ့်ကိုယ်ကို သိမှ လှလှပပရှင်သန်နိုင်မယ်” 


(၃) မြင်းက ကုလားအုတ်ကို တွေ့တော့ ကုလားအုတ်ရဲ့ နောက်ကျောဖုကို ရုပ်ဆိုးလွန်းလို့ ဆိုပြီး လှောင်ရယ်တယ်။

ကုလားအုတ်က မြင်းကို ဘာမှ ပြန်မပြောဘူး။ သဲကန္တာရမှာ ခရီးအတူသွားတော့ ကုလားအုတ်က သဲကန္တာရကို ဖြတ်ကျော်နိုင်တယ်။ မြင်းသေကိုတွေ့တော့ ကုလားအုတ်က ရယ်တယ်။ “တခြားသူရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကို မလှောင်ပြောင် မကဲ့ရဲ့ပါနဲ့။ တစ်နေ့ သင်လည်း အရယ်ခံရတတ်တယ်” 


(၄) နွေရာသီမှာ ပူပြင်းလွန်းတော့ မြင်းကျားက

မြစ်ဘေးမှာ ရေသွားသောက်တယ်။ ရေမြင်း ရေစိမ်နေတာ တွေ့တော့ “သူတောင် ရေကစားနိုင်သေးတာပဲ။ ငါလည်း ကစားနိုင်တယ်”ဆိုပြီး မြစ်ထဲခုန်ဆင်းတယ်။သိပ်မကြာပါဘူး။ မိကျောင်း စားတာကို ခံလိုက်ရတယ်။ “ခွန်အားမရှိရင် မကစားပါနဲ့ အရှုံးကို သင်ခံနိုင်မှာ မဟုတ်လို့ပါ” 


(၅) လေထဲမှာ သိမ်းငှက် လွတ်လွတ်လပ်လပ် ပျံသန်း နေတာကိုတွေ့တော့ ဘဲတစ်ကောင်က အားကျတယ်။

ငါလည်း သူ့လိုပဲ လုပ်နိုင်တယ်ဆိုပြီး အမြင့်ပေါ်တက် ခုန်ချတယ်။ အတောင်ပံနှစ်ချက် မခတ်ရသေးခင် အောက်ကျပြီး သေသွားတယ်။ “ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု မလုပ်ထားခင်မှာတော့ ကိုယ်မသိတဲ့အရာ နယ်ပယ်ကို မျက်ကန်းတောတိုး မစမ်းပါနဲ့” 


Credit: Original Writer



Monday, February 21, 2022

For You


နိုင်ငံတကာ စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ
ပန်းဝင်ကာနီး ဘီးပေါက်သွားလို့
စက်ဘီးကို ထမ်းပြေးနေတဲ့ ရှေ့ဆုံးက စက်ဘီးသမားကို
ဒုတိယလိုက်လာတဲ့ စက်ဘီးသမားက
ကျော်တက်ဖို့ ငြင်းဆန်ခဲ့တယ်.

ပြိုင်ပွဲဝင် ဓားသမား၂ယောက် ဓားချင်းယှဉ်ခုတ်နေချိန်
တစ်ဖက်ဓားသမားလက်က ဓားလွတ်ကျသွားတဲ့အချိန်
တစ်ဖက်ဓားသမားက တိုက်ခိုက်မှုကို ရပ်တန့်ပြီး
ဓားပြန်ကောက်ခွင့် ပေးခဲ့တယ်.

ကင်ညာအပြေးသမား မူတိုင်းဟာလည်း
ပန်းတိုင်ရောက်ဖို့ မီတာအနည်းငယ်လောက်အလိုမှာ
ရှေ့က မျဉ်းတစ်ခုကိုကြည့်ပြီး ပန်းတိုင်ရောက်ပြီအထင်နဲ့
ရပ်လိုက်တာကို သူ့နောက်ကပ်လျက်က လိုက်လာနေတဲ့
စပိန်လူမျိုးအပြေးသမားက
သူ့ကို ပန်းတိုင်မရောက်သေးကြောင်း
ဆက်ပြေးရမည်ဖြစ်ကြောင်း
သူတတ်တဲ့ စပိန်စကားနဲ့ အော်ဟစ်သတိပေးခဲ့တယ်.

ဒါပေမယ့် မူတိုင်းက
စပိန်စကားနားမလည်ဘဲ ဆက်ရပ်နေတော့
စပိန်အပြေးသမားက မူတိုင်းကို
နောက်က တွန်းပေးလိုက်ပြီး ပန်းဝင်စေခဲ့တယ်.

စပိန်အပြေးသမားဟာ ကင်ညာအပြေးသမားကို
ကျော်တက်ပြီး ပန်းဝင်ခွင့်ရခဲ့ပေမယ့် မလုပ်ခဲ့ဘဲ
ပြိုင်ပွဲအပြီး လာမေးကြတဲ့ သတင်းထောက်တွေကို
သူတစ်ပါးရဲ့အားနည်းချက်ကို အသုံးချပြီး
ရတဲ့အောင်ပွဲဆိုတဲ့ သမိုင်းမျိုးကို
ကျွန်တော်အကြောက်ဆုံးပဲ လို့ပြန်ဖြေခဲ့တယ်.

လူတစ်ယောက်ရဲ့သမိုင်း ကောင်း - မကောင်းဟာ
ရှုံးတာ နိုင်တာ ချမ်းသာတာ ဆင်းရဲတာ
အင်အားကြီးတာ ငယ်တာတွေအပေါ်မှာ
မူတည်နေတာမဟုတ်ဘဲ
ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရား အပေါ်မှာဘဲ မူတည်ပြီး
သုံးသပ် ဆုံးဖြတ်သွားတာပါ.

ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာမှ မရှိရင်
ဘယ်လိုအင်အား ဘယ်လိုအနေအထားပဲ ရှိနေပါစေ.
ဘယ်သူမှ လေးစားခြင်း ခံရမှာမဟုတ်တာ
အသေအချာပါဗျာ။

crd!။ original writter


Saturday, January 8, 2022

dream of 10 years girl

အီတလီမှာ Engသွားပြိုင်တာ ဒုတိယရလာတဲ့ သမီးလေး interview ကိုကြည့်တယ်။

*မေးတဲ့သူက သမီးလေးကြီးရင်ဘာလုပ်မယ်ရည်မှန်းလဲမေးတော့
-ဖြေလိုက်တာ  အင်္ဂလိပ်စာရေးဆရာမလုပ်ချင်တယ်တဲ့

*စာရေးဆရာမလုပ်မယ်ဆိုတော့ စာဖတ်အားကကောမေးတော့
-အင်္ဂလိပ်စာအုပ်ပေါင်း အုပ်၁၀၀ကျော်ဖတ်ပြီးပြီလို့ ပြန်ဖြေတယ်။

*ဘယ်လိုစာပေအမျိုးအစားကို ရေးသားချင်လဲမေးတော့

-'' မကောင်းတဲ့လူတွေကို အကောင်းမြင်နေကြပြီး
ကောင်းတဲ့လူတွေကို မကောင်းမြင်နေကြတဲ့
အကြောင်းကိုရေးချင်တယ်တဲ့''

၁၀နှစ်အရွယ်မိန်းခလေး ၁ယောက်ရဲ့အတွေးလေးတွေက
ကောင်းလိုက်တာ။ အခုလိုအတွေးမျိုးတွေဟာ သမီးလေးဘဝတလျောက်လုံး လတ်ဆတ်နေပါစေကွယ် 🙏

                           မူရင်း>credit


Friday, January 7, 2022

story

သူတော်စင်တပါးကို မတရားသောမင်းတပါးက
မီးပုံထဲပစ်ချထားချိန်တွင် ခိုငယ်တစ်ကောင်က ပါးစပ်ထဲရေငုံပြီး
မီးပုံထဲအခါခါ လာ,လာ သွန်ချနေလေသည်။

ထိုအခါ နံဘေးမှရပ်ကြည့်နေသောလူတို့က
၎င်းခိုသတ္တဝါအား  "အသင်၏ ဤမျှလောက်သော ရေဖြင့်
မီးငြိမ်းသွားမည် ထင်ပါသလား" ဟု မေးကြရာ...

ခိုသတ္တဝါက "အိုလူသားတို့ ...
ကျုပ်ပါးစပ်အတွင်းရှိ ငုံထားသောရေသည်
ဤမျှကြီးမားသောမီးအား မငြိမ်းသတ်နိုင်သည်ကို
ကောင်းစွာ သိရှိပါသည်။

သို့သော် ဘုရားသခင် ရှေ့မှောက်ရောက်သည့်အခါ

ကျုပ်သည်မီးရှို့သူဘက်က မရပ်တည်လိုပါ။

ထို့ပြင် မတရားမှုကို လက်ပိုက်ကြည့်နေသော

အသင်တို့လို စာရင်းထဲလည်းမပါချင်ပါ

မတရားမှုကို လက်မခံသော မီးငြိမ်းပေးသူစာရင်းတွင်သာ

ပါဝင်လိုသည့်အတွက် မိမိတတ်နိုင်သမျှဖြင့်

မီးငြိမ်းပေးနေခြင်းပင် ဖြစ်သည် " ဟုပြောလေသည်။

မိမိရပ်တည်ချက်ကို မြင်တတ်သူများအဖို့
လုံလောက်ပါသည်။

ဟုတ်ကဲ့...
ကျွန်တော်  ခိုငယ်တစ်ကောင်ပါ။

Credit:Original Uploader