Monday, April 3, 2023

ဘယ်တော့မှမမေ့ပါနဲ

 ဘယ်တော့မှမမေ့ပါနဲ


မမေ့နဲ့✊


ကိုယ့်ကိုမတူသလိုမတန်သလိုဆက်ဆံခဲ့တဲ့သူတွေကို :-)


မမေ့နဲ့ ✊


ကိုယ့်ရဲ့အားနည်းချက်ကိုမှရိုက်ချိုးဖျက်စီးပစ်တဲ့သူတွေကို :-)


မမေ့စေနဲ့✊


ကိုယ့်ဘဝနုံချာဆင်းရဲရည်မှန်းချက်တွေမပြည့်ခင်မှာကဲ့ရဲ့ခဲ့တဲ့သူတွေကို :-)


ဘယ်တော့မှမမေ့နဲ့✊


ကိုယ့်ကိုမဲ့ပြရွဲ့ပြခဲ့တဲ့သူတွေကို :-)


မှတ်ထား 😋


ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကို တစ်ချိန်မှာအပြုံးလှလှလေးပြုံးပြနိုင်အောင်ကြိုးစား :-) ✊


တစ်ချိန်ကသူတို့မကောင်းမှု့တွေကိုမတွေးနဲ့ သူတို့ကကိုယ့်ကိုခွန်အားတွေပေးခဲ့တာလို့သဘောထား :-)


မမေ့နဲ့ ✊


အတိတ်ကကိုယ့်ကိုနှိမ်ချခဲ့တဲ့သူတွေကို


အပြုံးနဲ့ပဲဆက်ဆံလိုက်ပါ?💪



‪#‎cRd_မွီးခ









Monday, March 20, 2023

🕰️အချိန်နဲ့အမှန်တရား ✅ °°°°°°°°°°°°°°°°°°°°°

 🕰️အချိန်နဲ့အမှန်တရား ✅

      °°°°°°°°°°°°°°°°°°°°° 




⏰ လောကမှာ အချိန်ဆိုတာဟာ

တန်ဖိုးအရှိဆုံးပါ။

⏰ ဘယ်လိုခက်ခဲတဲ့ 

ပြဿနာမျိုးကိုမဆို နောက်ဆုံးမှာ 

အချိန်က ဖြေရှင်းပေးနိုင်ပါတယ်။ 


⏰ ကိုယ့်အပေါ်မှာ 

ဟန်ဆောင်နေတဲ့ မျက်နှာဖုံးတွေကို 

အချိန်ကဆွဲခွာပြနိုင်ပါတယ်။ 


⏰ မေတ္တာစစ်မစစ်ကို 

အချိန်က စစ်မှန်တဲ့ချစ်ခြင်းကို 

ပြနိုင်ပါတယ်။ 


⏰ မှန်ကန်တဲ့ချစ်ခြင်းမေတ္တာကို 

အချိန်က ရှာဖွေတွေ့ရှိစေပါတယ်။ 


⏰ ကိုယ့်ရဲ့ နာကျင်ခြင်းတွေကိုလည်း 

အချိန်က ကုစားပေးနိုင်ပါတယ်။ 


⏰ ဒါကြောင့် တန်ဖိုးရှိတဲ့အချိန်တွေကို 

လူတွေက ပြန်လိုချင်လို့မရနိုင်ပေမယ့် 

အချိန်တွေဟာ 

တန်ဖိုးရှိနေတယ်ဆိုတာကိုတော့ 

ကောင်းကောင်းနားလည်နိုင်ရမယ်။ 


⏰ ဘယ်အရာကိုမဆို 

အချိန်တန်ရင်အမှန်တရားဆိုတာ 

ဆုံတွေ့ကြရမယ့် သူတွေချည်းပါပဲ။ 


#မေခ🍀နွေး

Credit;