Saturday, January 8, 2022

dream of 10 years girl

အီတလီမှာ Engသွားပြိုင်တာ ဒုတိယရလာတဲ့ သမီးလေး interview ကိုကြည့်တယ်။

*မေးတဲ့သူက သမီးလေးကြီးရင်ဘာလုပ်မယ်ရည်မှန်းလဲမေးတော့
-ဖြေလိုက်တာ  အင်္ဂလိပ်စာရေးဆရာမလုပ်ချင်တယ်တဲ့

*စာရေးဆရာမလုပ်မယ်ဆိုတော့ စာဖတ်အားကကောမေးတော့
-အင်္ဂလိပ်စာအုပ်ပေါင်း အုပ်၁၀၀ကျော်ဖတ်ပြီးပြီလို့ ပြန်ဖြေတယ်။

*ဘယ်လိုစာပေအမျိုးအစားကို ရေးသားချင်လဲမေးတော့

-'' မကောင်းတဲ့လူတွေကို အကောင်းမြင်နေကြပြီး
ကောင်းတဲ့လူတွေကို မကောင်းမြင်နေကြတဲ့
အကြောင်းကိုရေးချင်တယ်တဲ့''

၁၀နှစ်အရွယ်မိန်းခလေး ၁ယောက်ရဲ့အတွေးလေးတွေက
ကောင်းလိုက်တာ။ အခုလိုအတွေးမျိုးတွေဟာ သမီးလေးဘဝတလျောက်လုံး လတ်ဆတ်နေပါစေကွယ် 🙏

                           မူရင်း>credit


Friday, January 7, 2022

story

သူတော်စင်တပါးကို မတရားသောမင်းတပါးက
မီးပုံထဲပစ်ချထားချိန်တွင် ခိုငယ်တစ်ကောင်က ပါးစပ်ထဲရေငုံပြီး
မီးပုံထဲအခါခါ လာ,လာ သွန်ချနေလေသည်။

ထိုအခါ နံဘေးမှရပ်ကြည့်နေသောလူတို့က
၎င်းခိုသတ္တဝါအား  "အသင်၏ ဤမျှလောက်သော ရေဖြင့်
မီးငြိမ်းသွားမည် ထင်ပါသလား" ဟု မေးကြရာ...

ခိုသတ္တဝါက "အိုလူသားတို့ ...
ကျုပ်ပါးစပ်အတွင်းရှိ ငုံထားသောရေသည်
ဤမျှကြီးမားသောမီးအား မငြိမ်းသတ်နိုင်သည်ကို
ကောင်းစွာ သိရှိပါသည်။

သို့သော် ဘုရားသခင် ရှေ့မှောက်ရောက်သည့်အခါ

ကျုပ်သည်မီးရှို့သူဘက်က မရပ်တည်လိုပါ။

ထို့ပြင် မတရားမှုကို လက်ပိုက်ကြည့်နေသော

အသင်တို့လို စာရင်းထဲလည်းမပါချင်ပါ

မတရားမှုကို လက်မခံသော မီးငြိမ်းပေးသူစာရင်းတွင်သာ

ပါဝင်လိုသည့်အတွက် မိမိတတ်နိုင်သမျှဖြင့်

မီးငြိမ်းပေးနေခြင်းပင် ဖြစ်သည် " ဟုပြောလေသည်။

မိမိရပ်တည်ချက်ကို မြင်တတ်သူများအဖို့
လုံလောက်ပါသည်။

ဟုတ်ကဲ့...
ကျွန်တော်  ခိုငယ်တစ်ကောင်ပါ။

Credit:Original Uploader