Thursday, December 19, 2019

ပါချုပ်ဆရာတော်ဘုုရားကြီး၏ မွေးချင်းများ

ပါချုပ်ဆရာတော်ဘုုရားကြီး၏ မွေးချင်းများ

ဘုန်းဘုန်းတိို့မိသားစုမှာ မွေးချင်း ၁၂ ယောက် ထွန်းကားခဲ့တယ်။

အကြီးဆုံး ဦးဘဟန်နဲဲ့ ဦးဉာဏ်ရွှေ ကြားမှာ သားနှစ်ယောက် မွေးသေးတယ်။ တစ်ယောက်က မွေးလုုမွေးခင်မှာ ပျက်စီးသွားတာ။

နောက်တစ်ယောက်က လူ့ဘဝရောက်ပြီးမှ ဆုံးသွားတာ။ ဒါကြောင့်မိို့ ဦးဘဟန်နဲ့ ဦးဉာဏ်ရွှေက အသက် ၈နှစ် ကွာခြားတယ်။

အချို့က မွေးချင်း ၁၀ဦး လိုိ့ အမှတ်မှားနေကြတယ်။

၁။ ခမည်းတော်ကြီး ဦးစံလှှ ခေါ် ဦးဂုဏောဒရ

၂။ မယ်တော်ကြီး ဒေါ်ခင် ခေါ် ဒေါ်ဝံံသဂ္ဂီ

၃။ ဦးဘဟန််

၄။ သားယောကျင်္င်္ား ( ပျက်စီး )

၅။ သားယောကျင်္ား ( သေဆုံး )

၆။ ဦးဉာဏ်ရွှေ

၇။ ဦးနာရဒ(သုဗောဓာရုံံပဓာနနာယက)

၈။ ဒေါ်ကဥ္စနာ

၉။ ဦးဝိမလာဘိဝံံသ

၁၀။ ဦးဉာဏဗလ

၁၁။ ဦးဥတ္တရ

၁၂။ ဦးဂန္ဓသာရ

၁၃။ ဦးနန္ဒမာလာဘိိဝံသ(ပါချုပ်)

၁၄။ မညို (ငယ်စဉ်ကွယ်လွန်)

ခမည်းတော်ကြီးက စိိတ်ထက်တယ်။ အနေထိုင် တည်ကြည်တယ်။ သားသမီးအားလုံးက အဖေ့စရိုက်တွေ ပါကြတယ်။ အဖေကို ကြောက်ကြ လေးစားကြတယ်။

ညီအစ်ကိုတွေကိုလည်း ကြီးစဉ်ငယ်လိုက် လေးစားကြဖို့ အမြဲသွန်သင်တယ်။ ညီအစ်ကိုတွေ ရန်ဖြစ်ရင် အငယ်ကို ရှေ့မှာဆုံးမတယ်။

အကြီးကိုတော့ တိတ်တိတ်ကလေး လူမသိသူမသိိ ခေါ်ဆူလေ့ ရှိတယ်။

မယ််တော်ကြီးက သဘောအရမ်းကောင်းတယ်။ ကျွေးရမွေးရ ဧည့်ခံရတာကို သိပ်ဝါသနာပါတယ်။ စိတ်ဆိုးတယ်ဆိုတာ ရှားတော့ သားသမီးတွေက မယ်တော်ကြီးကို အချစ်ပိုကြတယ်။

ဆရာကြီး၏ အတ္ထုပ္ပတ်အတွက်် ဆရာတော်ဘုရားကြီး ကိုယ်တိုင်မိန့်ကြားချက်ကို နာယူမှတ်သားရတာလေးပါ။ ဘဝအရှိိကို ဓမ္မအသိဖြင့် ထိိန်းညှိနိုင်ကြပါစေ။

ခရစ််ဒစ််

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕