Thursday, February 13, 2020

Valentine's Day ဗယ်လင်တိုင်းနေ့

Valentine's Day ဗယ်လင်တိုင်းနေ့
..................................................

ဗယ်လင်တိုင်းနေ့လို့ အလွယ်ခေါ်ကြတယ်။ အမှန်က Saint Valentine's Day စိန့် ဗယ်လင်တိုင်းနေ့ပါ။ နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄) ရက်လို့သတ်မှတ်ထားတယ်။ ခရစ်ယန်ဘာသာ အစောပိုင်းက Saint Valentinus စိန့် ဗယ်လင်တီးနပ်စ်က စခဲ့တာပါ။


ခုခေတ်မှာတော့ အချစ်ဆိုတာတခုတည်းလို့မှတ်ယူပြီး မြန်မာတွေကတော့ ချစ်သူများနေ့တဲ့။ Lover's Day ချစ်သူများနေ့ကို သုတေသနလုပ်ထားသူတယောက်က ရေးပါတယ်။ ရည်ညွှန်းထားတာတွေကတော့ မဆုံးနိုင်အောင် များပေမဲ့ မူလအစကို ဘယ်မှာမှရှာလို့မရဘူးတဲ့။ Horse Lover's Day မြင်းချစ်သူများနေ့၊ Cheese Lovers Day ဒိန်ခဲချစ်သူများနေ့၊ Pet Lover's Day အိမ်မွေးတိရစ္တာန်ချစ်သူများနေ့ စတာတွေတော့ရှိပါတယ်တဲ့။


ဖေဖေါ်ဝါရီ (၁၄) ရက်ကို သတ်မှတ်တဲ့ ဗယ်လင်တိုင်းနေ့သမိုင်းဟာ မယုံရင်ပုံပြင်မှတ် အစားထဲကပါ။ ဗယ်လင်တိုင်း ပုံပြင်တွေအားလုံးဟာ တီထွင်ထားတာတွေပါ။ အချစ်နဲ့ဆိုင်တာကတော့ ဒဏ်ဏ္ဍာရီတွေသာဖြစ်တယ်။ မျက်မမြင်ကို ဆေးကုပေးတဲ့ပုံပြင်က ဆေးပညာနဲ့နီးစပ်လို့ ဘက်လိုက်ပြီးရွေးပါမယ်။


ခရစ်ယန်မှမဟုတ်ရင် လက်မထပ်ခွင့်မရှိဆိုတဲ့ ဘုရင့်အမိန့်အရ လူပျိုဖြစ်နေရတဲ့စစ်သားတွေကိုကူညီခဲ့တဲ့ ဇာတ်လိုက်ဟာ သေဒဏ်ကျခံနေတဲ့ အကျဉ်းသားတယောက်ပါ။ ထောင်ထဲမှာနေရင်း ထောင်အရာရှိ အက်စတားရီးယပ်စ်ရဲ့ သမီးကို ဆေးကုပေးရပါသတဲ့။ ဆေးကုပေးစဉ်မှာ အဲဒီမိန်းကလေးကို မေတ္ကာသက်ဝင် ချစ်ခင်လာပါတော့တယ်။ ဆေးချက်ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ မျက်မမြင်ကလေးမမှာ မျက်စိနှစ်ကွင်းအလင်းပြန်ရပြီး၊ Valentine ဆိုတဲ့စာကို ဖတ်နိုင်လာပါသတဲ့။ ဒါပေမဲ့ ဧကရာဇ် ဒုတိယ ကလောဒီးယပ်စ်ကနေ သေဒဏ်ပေးပါတယ်။ သူအသတ်မခံရခင်လေးမှာ Your Valentine မင်းရဲ့ဗယ်လင်တိုင်းဆိုတဲ့ နောက်ဆုံးနှုတ်ဆက်စကားလေး ရေးထားခဲ့ပါတယ်။ အချစ်မှာ မျက်စိမပါဘူးလို့ ပြောကြတာ ဒီကနေလာပုံရတယ်။


တကယ့်အဖြစ်အပျက်ကတော့ ခရစ်ယန်ဘာသာအစောပိုင်းကာလတွေမှာ ဘာသာရေး အာဇာနည်တွေကို အဲလို ဗယ်လင်တိုင်းဘွဲ့ ပေးခဲ့ပါတယ်။ St. Valentine စိန့် ဗယ်လင်တိုင်းဟာ ခရစ်ယန်ဘာသာအတွက် ခေါင်းဖြတ် သတ်တာခံရတယ်။ ဖေဖေါ်ဝါရီ (၁၄) ဆိုတာက အဲဒါကနေလာတာဖြစ်ပါတယ်။ Anglican Communion အင်ဂလီကန် နဲ့ Lutheran Church လူသာရင်ကျောင်းတွေကနေ ကျင်းပကြပါတယ်။ Eastern Orthodox Church အော်သိုဒေါက်စ် ကတော့ ဇူလိုင် ၆ နဲ့ ၃ဝ နေ့တွေမှာ ကျင်းပပါတယ်။


စိန့် ဗယ်လင်တိုင်းဟာ မြားနတ်မောင်ပုံလဲပါတဲ့ Amethyst ကျောက်လက်စွပ်ကို ဝတ်ဆင်ပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီလရဲ့ ရတနာဟာ Amethyst ခရမ်းရောင်ကျောက်လို့ သတ်မှတ်ကြပါတယ်။ ဖေဖေါ်ဝါရီလဟာ နှလုံးရောဂါ အသိပညာပေးလလည်း ဖြစ်ပါသေးတယ်။ ကဒ်ပြားတွေ၊ ပန်းတွေ၊ ချောကလက်တွေ၊ လက်ဆောင်ပစ္စည်းတွေ ပို့ကြတဲ့ဓလေ့က ဗြိတိန်ကနေစတယ်။


နောက်ခံအကြောင်းကိုမသိပဲ ဖေဖေါ်ဝါရီ (၁၄) အတွက် အားခဲထားသူတွေသိဘို့က ဗယ်လင်တိုင်းဆိုတာ ချစ်တာလည်း ပါတယ်။ ဆေးကုတာလည်းပါတယ်။ ခရစ်ယန် ဘာသာရေးအာဇာနည်ဖြစ်တယ်။ ဘုရင့်အမိန့်နဲ့ သေဒဏ်ကျခံရတာလည်း ပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားလည်းဖြစ်ပါတယ်ခင်ဗျား။
Credit:ဒေါက်တာတင့်ဆွေ

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
...............................................................

ဗယ်လင်တိုင်းဒေး ဆိုတာဘာလည်း ဘာကြောင့်ဖြစ်လာတာလည်း မသိ ရမ်းသမ်းအော်နေကြသူတွေဖတ်ကြည့်ကြပါ။
************************
Valintine day(ချစ်သူများနေ့)ဖေဖော်ဝါရီလ(၁၄)ရက်နေ့ရောက်ခါနီးပြီဖြစ်လို့၊မသိနားမလည်ကြပဲ ဗယ်လင်တိုင်း နေ့ဆိုပြီးတာစူနေကြတဲ့ လူငယ်တစ်ချိူ့ကိုဖတ်ရတဲ့ဗယ်လင်တိုင်းနေ့အကြေယင်းလေးမျှဝေပါရစေ။
ဗယ်လင်တိုင်းနေ့ဆိုတာဘယ်ကနေစပေါ်လာတာလည်းဆိုရင်၊
ခရစ်တော်ပေါ်ပြီး အေဒီသုံးရာစုလောက်က ခရစ်ယာန်ဘာသာကိုလက်မခံသော ရောမဘုရင်၏ မင်းစိုးရာဇာမှူးမတ်တစ်ဦးသည် ဘုန်းတော်ကြီး ဗယ်လင်တိုင်း(အေဒီ၂၂၆—၂၆၉)ကိုအထက်အမိန့်အရ ဖမ်းဆီးသည်။
သို့သော်မျက်စိနှစ်ကွင်းအလင်းမရရှာသည့် မှူးမတ်၏သမီးကို ဘုန်းကြီးကဘုရားသခင်ထံတွင် ဆုတောင်းခြင်းဖြင့် ပျောက်ကင်းအောင် ကုသပေးလိုက်လေရာ သူတိုမိသားစုအားလုံး ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကုန်ကြတော့သည်။
ထိုသတင်းကို ဧကရဇ်မင်း ကလောဒီးယပ်စ်(အေဒီ၂၁၄—၂၇၀)ထံပေါက်ကြားသည်တွင် ခင်ကြီးဗယ်လင်တိုင်းကိုရော မှူးမတ်မိသားစုကိုပါ ဖမ်းဆီးကွက်မျက်စေသည်။
ခင်ကြီးဗယ်လင်တိုင်းကို မကွက်မျက်မီ ခရဇ်ယာန်ဘာသာအားစွန့်လွှတ်ပါက အသက်ရှင်ခွင့်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း သူကလက်မခံခဲ့။ ထို့ကြောင့် ခေါင်းဖြတ်၍သုတ်သင်စေခဲ့၏။ ပန်းကုံးစွတ်ထားသော ထိုဦးခေါင်းခွံ ယခုတိုင် ပြတိုက်ထည်းမှာရှိသည်ဟူ၍ အဆိုရှိလေသည်။
အေဒီ ၂၆၉ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ကွက်မျက်ခဲ့ခြင်းဖြစ်၏။
အေဒီ ၄၉၆ အရောက်တွင်မူ သူ့ကို ခရဇ်ယာန်သူတော်စင်အဖြစ်ဖေါ်ထုတ်အသိအမှတ်ပြုခဲ့ကြပြီး နှစ်စဉ် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ရောက်တိုင်း စိန့်ဗယ်လင်တိုင်းအထိမ်းအမှတ်နေ့ဟူ၍ ကျင်းပကာဂုဏ်ပြုကြလေသည်။
ထိုအချိန်ထိ ဗယ်လင်တိုင်းနေ့သည် ရိုမန်တိကမပါ ဂေဟသိတပေမတဏှာ မလွှမ်းသော မေတ္တာအခါတော်နေ့သာဖြစ်ခဲ့သည်။
သို့သော်တဏှာဖမ်းသည့်အကန်းတွေတို့ နှစ်ပရိစ်ဆေဒ ကြာမြင့်လာသည့်အခါ ထွေလီကာလီဖြစ်လာကြသည်။ သည်အထည်းနှစ်စဉ် ဆောင်းခိုဌက်တွေ အသိုက်တွင်းမှထွက်ပြီး လင်ယူသားမွေးပြုကြသည့်ကာလကလည်း ဖေဖေါ်ဝါရီလယ်ပိုင်းဖြစ်လေရာ ရှိက်စပီးယားအပါအဝင် စာဆိုတော်တွေက မိမိတို့ကဗျာစာပေအတွင်း လည်ယှက်လည်တင် လွမ်းဖွယ်ယဉ်ဖို့ ကြုံလေတိုင်း ဗယ်လင်တိုင်းကိုကိုးကားကြလေကုန်သတတ်။
၁၄ရာစု (အေဒီ၁၃၄၃—၁၄၀၀)အတွင်း ကျော်ကြားခဲ့သော အဂ် လိပ်လူမျိူးကဗျာဆရာကြီး ဂျက်ဖရီချောက်စားကသူ၏ ဌက်သဘင် ကဗျာရရှည်ကြီးထဲမှာ နှစ်စဉ် ဗယ်လင်တိုင်းနေ့ရောက်တိုင်း ဌက်အပေါင်းတို့ညီလာခံကျင်းပတိုင်း ဖူးစာရှင်ရွေးချယ်ကြသည့်အကြောင်း စိတ်ကူးစပ်ဆိုခဲ့လေရာ ကဗျာဆရာ၏ အနုပညာကြောင့် ကြေကွဲဖွယ် သူတော်စင်ဗယ်လင်တိုင်း၏သမိုင်းကို ရွှေဟသ်ာမောင်နှံကယ်တို့ ကြင်ဖော်မှာ ကြင်ဖော်ဖက်ရယ်နှင့်တူပျော်ပျော်ဘယ်ခယစက်ပါရ လည်ယှက်ကာ သူတို့လိုဆိုသည့် အမျှော်စိုက်တွေ အရိုးကိုအရွက်ဖုံးသလို ဖုံးလာကြတော့သည်။ ဤကားယခုလို ဗယ်လင်တိုင်းနေ့တွေမှာ ချောကလက်အသည်းနှလုံးနှင့် ချစ်နှင်းဆီလှလှလေးများ တာစားလာကြလေသတည်းပေါ့။
Credit: Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
......................................................
Valentine Day ဗယ်လင်တိုင်းဒေး ဆိုင်ရာ သမိုင်း အချက်အလက်များ by စပ်မိစပ်ရာ
ဖေဖော်ဝါရီ လလယ်ပိုင်း ၁၅ ရက်နေ့မှာ ရှေး ရိုမန် ယဉ်ကျေးမှု အရ လူပါကေးလီးယား ပွဲတော်ဆိုတာ ရှိပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်များအရ ဒီပွဲတော်ကို ရိုမန် အင်ပါယာ မြို့တော် Rome ကို တည်ထောင်ခဲ့သူ Romulus ရိုမြူလပ်စ် နဲ့ အမွှာညီအကို Remus ရီးမတ်စ်တို့ မျိုးဆက်မှ ဆင်းသက်သူများက အထိမ်းအမှတ်အနေနဲ့ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။


ရိုမြူလပ်စ် နဲ့ ရီးမတ်စ် တို့ ငယ်စဉ်တုန်းက ဦးလေးဖြစ်သူ ဘုရင်က ထီးနန်းကို တောင်းဆိုမှာ စိုးရိမ်တဲ့အတွက် လုပ်ကြံလိုခဲ့ပါတယ်။ ဒါပေမယ့် အမွှာညီအကို နှစ်ယောက်ရဲ့ အဖေဟာ ရိုမန် နတ်ဘုရား မားစ် ဖြစ်နေတာကြောင့် ပေါ်ပေါ်ထင်ထင် မလုပ်ကြံရဲပါဘူး။ ဦးလေးဖြစ်သူ ဘုရင်က သူ့လက်ပါးစေ တစ်ယောက်ကို တဖက်လှည့်နဲ့ လုပ်ကြံခိုင်းခဲ့ပါတယ်။ လက်ပါးစေဟာ ကလေး နှစ်ယောက် ကိုကြည့်ပြီး မလုပ်ကြံဖြစ်တော့ပဲ ရေထဲကို မျှောခဲ့ပါတယ်။


ဒါကို ဝံပုလွေမ တစ်ကောင်က တွေ့ရှိခဲ့ပြီး သားများအဖြစ် မွေးစားခဲ့ပါတယ်။ ဝံပုလွေတို့ရဲ့ ပညာလည်းစုံ ပြီး အရွယ်ရောက်လာတဲ့ အခါ အနီးနားက လယ်ပိုင်ရှင်က တွေ့ရှိခဲ့တာကြောင့် မွေးစားခဲ့ပါတယ်။ လူသားများအဖြစ် ကြီးပြင်းလာခဲ့ပြီး ဦးလေးရဲ့ ထီးနန်းကို လုပ်ကြံနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မြို့ဟောင်းနေရာ(အီတလီ)မှာ နန်းမတည်ချင်ပဲနဲ့ နေရာအသစ်မှာ တည်ချင်တာကြောင့် နေရာရှာတဲ့အခါ တောင် နှစ်လုံး ရှိတဲ့အရပ်ကို ရောက်ခဲ့ပါတယ်။


ညီအကို နှစ်ယောက် တတောင်စီမှာ မြို့တည်လိုတာကြောင့် မသင့်မတင့်ဖြစ်ကြပါတယ်။ မြို့တည်နေစဉ်မှာ တယောက်မြို့ကို တယောက် အပြစ်ရှာ ဟာသလုပ်လေ့ရှိကြပါတယ်။ တစ်ခါမှာတော့ ရိုမြူလပ်စ် ရဲ့ မြို့ရိုးကို ရီးမတ်စ်က နိမ့်ကြောင်း ပြောပြီး ခုန်ကျော်ပြတာကြောင့် ရိုမြူလပ်စ် က စိတ်ဆိုးပြီး ဓါးနဲ့ ထိုးတာကြောင့် ရီးမတ်စ် သေဆုံးခဲ့ပါတယ်။


ပွဲတော်ကျင်းပသူများကတော့ ဆိတ်ကို ယဇ်ပူဇော်ကြပါတယ်။ ယဇ်ပူဇော်ရာမှ ရရှိတဲ့ သွေးများနဲ့ ၂ ဖက် မျိုးဆက်မှ ယောကျ်ားလေးများကို သုတ်လိမ်းပေးပြီး ချက်ချင်း နို့ဖြစ် ပြန်လည်ဆေးကြောပါတယ်။ သွေးကြွေးမထားလိုကြောင်း အထိန်းအမှတ်အဖြစ်လုပ်တယ်လို့ယူဆကြပါတယ်။ ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေများကို ကြာပွတ်ဖြစ်အောင်ပြုပြင်ကြပါတယ်။ ထိုနောက်မှာတော့ အရက်သေစာ သောက်စားကြပြီး ကိုယ်လုံးချွတ်ဖြင့် မြို့ထဲမှ လမ်းများထဲမှာ လျှောက်ကြပြီး တွေ့သူများကို ကြာပွတ်များဖြင့်ရိုက်ပါတယ်။


ဒီပွဲတော်နေ့မှာ အရိုက်ခံလိုများ အလွန်များပြားပါတယ်။ ဒီလို အရိုက်ခံရရင် ကောင်းချီးပေးခြင်းဖြစ်ပြီးတော့ အမျိုးသားရော အမျိုးသမီးများရော နောင်တစ်နှစ်ပတ်လုံး အောင်မြင်စွာ ကိုယ်ဝန်ဆောင်နိုင်ခြင်း၊ ကိုယ်ဝန်ရပြီးသူများအနေနဲ့ကတော့ ကောင်းမွန်စွာ မွေးဖွားနိုင်ခြင်း နဲ့ ကံကောင်း စေတယ်လို့ ယုံကြည်ကြပါတယ်။ ထိုနေ့အဖို့ရီမောပျော်ရွှင်ကြ ရပြီး ရိုမန် ပွဲတော်များထဲမှာ လူကြိုက်အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။


ဒီပွဲတော်ဟာ နောက်ပိုင်းမှာတော့ တိမ်မြှုပ်လာခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ မှာ ကျင်းပတဲ့ စိန့်ဗယ်လင်တိုင်းနေ့ကို ပိုမိုသိလာကြပါတယ်။ ၁၅ ရာစုနှစ်မှာတော့ ဘုန်းတော်ကြီး Callixtus စီလေးစီယပ်စ် က ရှေးအယူပွဲတော်များကို ခရစ်ယာန်အယူ ပွဲတော်များအဖြစ် ပုံပြောင်းလိုတာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်ကို စိန့်ဗယ်လင်တိုင်းနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။


စိန့်ဗယ်လင်တိုင်း ဘွဲ့ခံ ဘုန်းတော်ကြီးတွေေြ မာက်များစွာရှိပြီး ယခု ဘုန်းတော်ကြီး ဗယ်လင်တိုင်းကတော့ ခရစ်နှစ် ၃ ရာစုတုန်းက Claudius II ကလောဒိယပ်စ် ၂ လက်ထက်မှာ ရှိခဲ့သူဖြစ်ပါတယ်။ ကလောဒိယပ်စ် ဟာ စစ်ရေးမှာ လောဘကြီးသူဖြစ်ပြီး သူတပ်သားများကို အချိန်ကြာမြင့်စွာ စစ်ထွက်ခိုင်းလေ့ရှိပါတယ်။ အကယ်၍ စစ်သားများဟာ မိသားစု သို့ လက်ထပ်မယား ရှိခဲ့ရင် နောက်တန်းပြန်ရန်သာ စိတ်သန်ပြီး တိုက်ပွဲ ကောင်းစွာ မတိုက်မည်ကို စိုးရိမ်သောကြောင့် လက်ထပ်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ဒါကို ဘုန်းတော်ကြီး ဗယ်လင်တိုင်းက မတရားတဲ့ အမိန့်ဖြစ်တာကြောင့် လက်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် အမိန့်ကို ဖီဆန်ပြီး လက်ထပ်လိုသူများကို တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ ဒါကို ကလောဒိယပ်စ် သိရှိသွားခဲ့ပြီး ဖမ်းဆီးကွပ်မျက်ခိုင်းလိုက်ပါတယ်။


ထောင်ကျနေတဲ့ ဗယ်လင်တိုင်း ထံကို သူလက်ထပ်ပေးခဲ့သူ စုံတွဲများက နှင်းဆီပန်းများ စားသောက်စရာများနဲ့ စာများ တိတ်တဆိတ်ပေးပို့ခဲ့ကြပါတယ်။ ဒါကို ထောင်မှူးက သိရှိတဲ့အခါ ဒီဘုန်းကြီးမှာ တန်ခိုးတစုံတရာများ ရှိမလားဆိုပြီး မျက်စိကွယ်နေတဲ့ သူ့ သမီးကို ကုသပေးဖို့တောင်းဆိုပါတယ်။ ဗယ်လင်တိုင်းဟာ ဘုရားကို အာရုံပြုပြီး အမြင်အာရုံပြန်ရဖို့ ဆုတောင်း ပေးခဲ့ပြီး ထောင်မှူးသမီးဟာ မျက်စိပြန်မြင်လာခဲ့ပါတယ်။ သိပ်မကြာခင်ပဲ ထောင်မှူးသမီးနဲ့ ဗယ်လင်တိုင်း တို့ဟာ ချစ်ကျွမ်းဝင်သွားကြတယ်လို့ ဆိုပါတယ်။ သူ့ ကို သတ်မယ့်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူ့ချစ်သူထံကို စာရေးပေးသွားခဲ့ပြီး နောက်ဆုံးမှာ " from your Valentine " လို့ လက်မှတ်ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။


ဗယ်လင်တိုင်း ကဒ်လေးတွေနဲ့ အမှတ်တရ ပုံတွေမှာ ပါတဲ့ ကျူးပစ်လေးကတော့ ရိုမန် အချစ်နတ်ဘုရား "ἔρως" အဓိပ္ပါယ်ကတော့ "Desire" တပ်မက်ခြင်း ဖြစ်ပါတယ်။ ခရစ်ယာန် ယဉ်ကျေးမှုထဲကို သွပ်သွင်း အဓိပ္ပါယ်ယူတဲ့အခါ တောင်ပံလေးတွေနဲ့ ချစ်စရာ ကလေးငယ်ပုံကို ယူလိုက်တာဖြစ်ပါတယ်။ သူ့ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့သား ဖြစ်ပါတယ်။ အစပိုင်းမှာ ငယ်ရွယ်တဲ့ တောင်ပံပါလူငယ်လေးအဖြစ် ရေးဆွဲကြပေမယ့် နောက်ပိုင်းမှာတော့ ကလေးဝတုတ်လေးဖြစ်လာခဲ့ပါတယ်။ ရှေးပုံပြင်တွေအရ ကျူးပစ်မှာ လေးနဲ့မြှားရှိပါတယ်။ မြှား အမျိုးအစား ၂ မျိုးရှိတယ်လို့ ဆိုပါတယ်။ တခုကတော့ ရွှေရောင်ချွန်မြနေတဲ့ မြှားဖြစ်ပြီးတော့ နောက်တစ်ခုကတော့ အသွားတုန်းနေတဲ့မြှားလို့ ဆိုပါတယ်။ ရွှေရောင်မြှားနဲ့ ပစ်ခံရရင် ထိန်းသိမ်းမရအောင် လိုချင်တပ်မက်မှု ချစ်စိတ် ငယ်ထိပ်တက်လာတယ်လို့ ဆိုပါတယ်။ မြှားအတုံးနဲ့ ပစ်ခံရရင်တော့ ချစ်စိတ်မရှိပဲ ထွက်ပဲပြေးချင်နေတော့တယ်လို့ ဆိုပါတယ်။


ဗယ်လင်တိုင်း ဒေး ဟာ ကမ္ဘာ့ ကွန်ဒွန်နေ့လည်းဖြစ်ပါတယ်။ ကမ္ဘာ့ ကွန်ဒွန်နေ့အဖြစ် ၂၀၀၉ မှာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကွန်ဒွန်ဟာ သားဆက်ခြားခြင်း (ကိုယ်ဝန်မရစေခြင်း)၊ လိင်မှတဆင့်ကူးစက်တဲ့ ရောဂါများကို တားဆီးနိုင်ခြင်း (ဂနို၊ ကာလသားရောဂါ၊ အေအိုင်ဒီအက်စ်၊ AIDS)နှင့် အခြားရောဂါများဖြစ်တဲ့ အသည်းရောင်အသားဝါ ဘီ (HBV) တို့ကူးစက်ခြင်းကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အကယ်၍ ပျော်ပါးမယ်ဆိုရင် ကွန်ဒွန် မမေ့စေလိုပါ ခင်ဗျား။


#Naymyo_Nwe
#SMSY
Credit:
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕