Friday, November 17, 2017

#ကျင်​့သုံးသင်​့​သော အချက်​(​၅)ချက်​ #ကျွန်​​တော်​ နေ့စဉ်သုံးနေကျ အချက်(၅)ချက်။



#ကျင်​့သုံးသင်​့​သော အချက်​(​၅)ချက်​
#ကျွန်​​တော်​ နေ့စဉ်သုံးနေကျ အချက်(၅)ချက်။

>>၁. ကြက်အုပ်ကြားထဲမှာ အမြင့်ပျံတဲ့အကြောင်း
သွားမပြောမိပါစေနဲ့။

ဘာကြောင့်လဲဆိုတော့ အမြင့်ပျံတဲ့အ​ကြောင်​း ကြက်က
နားမလည်နိုင်​သလို ကိုယ်တိုင်လည်း စိတ်အားငယ်ရပါလိမ့်မယ်။ကိုယ့်မှာ ကြီးမားတဲ့အိပ်မက်နဲ့ ရည်ရွယ်ချက်ရှိနေရင် ကိုယ့်စိတ်ထဲမှာပဲသိမ်းထားပါ။တွေ့ရာလူကိုလျှောက်မပြောမိပါစေနဲ့။ အထူးသဖြင်​့အ​ကောင်​းမြင်​စိတ်​မရှိသူ အိပ်​မက်​မရှိသူ ကိုယ်​့အ​ပေါ် မလိုမုန်​းထား မနာလိုသူ​တွေကို​ပေါ့။
ကိုယ့်ရည်ရွယ်ချက်အိပ်မက်တွေကို သူတို့ကိုယ်​တိုင်​
မလုပ်နိုင်မလုပ်ဖူးတဲ့သူတွေနဲ့ မလိုမုန်​းထားမနာလိုသူ​တွေရဲ့ အဖျက်စကားတွေကြောင့် ပျက်စီးသွားစေတတ်ပါတယ်။

ကိုယ့်ကိုကူညီမယ့်သူတွေနဲ့သာ ​ပြောဆိုတိုင်ပင်ပါ။
.........................................................................

>>၂.ချောင်းကကျွဲကိုဘယ်တော့မှ သွားမရှာဘူး။

ကျွဲဟာ​ရေစိမ်​ဖို့ ​ချောင်​းကိုရှာရသလို သင်​ဟာ​အောင်​မြင်​မှုကို ပိုင်​ဆိုင်​ချင်​ရင်​ ​အောင်​မြင်​မှုရှိတဲ့​နေရာကို ရ​အောင်​ရှာပါ။ ​
အောင်​မြင်​မှုက သင်​့ကိုလာရှာမှာမဟုတ်​ဘူး။
.........................................................................

>>၃.မလုပ်​နိုင်​ဘူးဆိုတာသူ့အတွက်​ကိုယ်​့အတွက်​မဟုတ်​ဘူး။

တစ်​​ယောက်​​ယောက်​ကမလုပ်နိုင်ပါဘူး မဖြစ်​နိုင်​ပါဘူးလို့
​ပြောလာရင်​ သူ့ကိုယ်သူ မလုပ်​နိုင်​ဘူး မဖြစ်​နိုင်​ဘူးလို့ဆိုလိုတာပါ။ ကိုယ့်ကိုမဖြစ်​နိုင်​ဘူး မလုပ်​နိုင်​ဘူးလို့ဆိုလိုတာမဟုတ်​ဘူးလို့ နားလည်​ထားပါ။
(ကိုယ်ကသူနဲ့သွားပတ်သက်နေစရာမလိုပါဘူး)
.........................................................................

>>၄.ကုန်းပေါ်မှာ​ရေကူးသင်ရင်းအချိန်ကုန်မခံပါနဲ့။

ကုန်းပေါ်မှာနေေ​န​သေးသ၍ ရေထဲမှာကြုံရမယ်​့ပြသနာ
အကြောင်းသင်​မသိနိုင်ပါဘူး။ အချက်အလက်တွေ
လေ့လာနေ၊အတွေးတွေများနေတာနဲ့တင် အချိန်ကုန်ခံမနေပါနဲ့။
စီးပွားရေးဆိုင်ရာစာအုပ်တွေသာ ထိုင်ဖတ် အချက်အလက်
တွေသာ ​လေ့လာနေပေမယ်​့ လက်တွေ့စီးပွားရေး
မလုပ်ကြည့်ရင် သင်ဘာမှမသိ​သေးတာနဲ့အတူတူပါပဲ။
ဒါကြောင့်ခုန်ဆင်းပြီး အစွမ်းကုန် ကူးကြည့်လိုက်ပါ။

ရေကူးတတ်ဖို့ဆိုတာက ​ရေထဲမှာမှဖြစ်နိုင်မှာပါ။
.........................................................................

>>၅.ဟိုဟာလေးလုပ်လည်း ဟိုလူကဟိုလို​ပြောမယ်။
ဒီဟာလေးလုပ်လိုက်လည်း ဒီလူကဒီလို​ပြောမယ်။
ဘာမှမလုပ်ပြန်​​တော့လည်​း ဘာမှလုပ်ဖို့ မစဉ်းစားတော့ဘူးလားလို့ အ​ပြောခံရမယ်​။

သင်​ဘယ်လမ်းရွေးရွေး အမြင်မတူတဲ့သူ ရှိကိုရှိနေမှာပဲ။
ဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တဲ့လမ်းကို ​
ရွေးတတ်ရင် လုံ​လောက်ပါပြီ။
..................................................................

လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့။

Ref - သင်​သိရင်​ချမ်​းသာလိမ်​့မယ်​။
Copy from >ko latt

Credit



မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


No comments:

Post a Comment