Thursday, September 24, 2020

🙏Challenge ခေါ်ရင်း ဒုက္ခမရောက်စေဖို့🙏

🙏Challenge ခေါ်ရင်း ဒုက္ခမရောက်စေဖို့🙏
ငါ့ အပြုံးက ၃၁ ဘုံမှာ အလှဆုံး တဲ့
--------------------------------------
အခုရက်ပိုင်းFacebook ပေါ်မှာ
ပေါ်ပေါက်လာတဲ့ ဝေါဟာရ တစ်ခု
ဖြစ်ပါတယ်---
ဗုဒ္ဓဘာသာဝင်တွေအတွက်မပြော
မဖြစ်မို့ ပြောပါရစေ---
ထိုဝေါဟာရအသုံးနှုန်းတစ်ခု
ဟာ အခုလို မြန်မာပြည်ကြီးကို
ဗစ်ကပ်မုန်းတိုင်းထန်နေချိန်မျိုးမှာ
မိမိကိုယ်ကို အဆိပ်ခပ်လိုက်တဲ့
အသုံးနှုန်းမျိုးဆိုတာ လူအချို့မသိကြဘူး
အဲ့ဒီ့အသုံးနှုန်းပေါ် သာယာနေကြတယ်--
''တစ်ချက်ထဲ ဘုန်းနဲ့ ကံကိုရိုက်
ချလိုက်သလိုမျိုးအဖြစ်ကိုတွေးမိရင်း
စိတ်မကောင်းဖြစ်မိပါတယ်--
လောကမှာ မနှိုင်းယှဉ်အပ်တဲ့ အရာတွေ မသုံး
နှုန်းအပ်တဲ့အရာတွေ မတောင်းတအပ်တဲ့အရာ
တွေရှိကြပါတယ်--
ရာဇဝင်မှာဘုန်းကံအလွန်းကြီးတဲ့ ပုဂံပြည်ရှင်
အလောင်းစည်သူမင်းကြီးဟာ --
''ဘေးတော် ၊ ဘိုးတော်တို့ကား ငါကဲ့သို့ဘုန်း
မကြီးလေ ''
ဟူသောမနှိုင်းယှဉ်မသုံးနှုန်းအပ်သောစကားကို
နှိုင်းယှဉ်သုံးနှုန်းခဲ့မိလို့ မျက်စီနှစ်ကွင်းအလင်း
ကွယ်တော်မူခဲ့ ရရှာတယ်---
အလောင်းစည်သူမင်းကြီး နှိုင်းယှဉ် သုံးနှုန်း
လိုက်တာ ''လူမင်း မင်းခြင်း '' လောက်သာ
သုံးနှုန်းခဲ့တဲ့ အမှားနော် --
''ငါ အပြုံးက ၃၁ ဘုံမှာ အလှဆုံး''
ဆိုတဲ့အသုံးနှုန်းမျိုးကိုသေချာနဖူးပေါ်လက်
တင်စဉ်းကြည့်ပါ ဗုဒ္ဓဘာသာဝင်တွေအတွက်
၃၁ ဘုံမှာ အမြတ်ဆုံး အသပ္ပါယ်ဆုံး ကမည်
သူနည်း --
ကိုယ်ရဲ့ အသုံးနှုန်းက ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့
သွားနှိုင်းယှဉ်မိသွားသလဲ --?
ဒီအသုံးနှုန်းပေါ် အမှန်ထင်နေသ၍ ကျေနပ်
နှစ်သက်နေသ၍ ကြီးလေးသော အကုသိုလ်
ကံထိုက်၍ သမာဒေဝနတ်ကောင်းနတ်မြတ်တို့
စွန့်ပယ် ခြင်း ဝိဇ္ဇာ သူတော်စဉ်တို့၏ စွန့်ပစ်
ခြင်းကို ခံ ရတော့မည် --
''အမှားကို ပြင်ကြ ဘုရားရှင်ထံ ရှစ်ခိုး
တောင်းပန်ကန်တော့ လိုက် ကြပါ ''
အခုလိုရောဂါကပ်ဘေးကြီးဆိုက်နေချိန်
မြန်မာနိူင်ငံသူ နိူင်ငံသားအပေါင်းကုသိုလ်
အား ကံအားတွေ ကောင်းဖို့ အရေးကြီးလို
အပ်နေပါတယ် ---
အားလုံးအမြန်ပြုပြင်နိူင်ကြပါစေ-🙏🙏🙏

Credit;Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing