သူတော်စင်တပါးကို မတရားသောမင်းတပါးက
မီးပုံထဲပစ်ချထားချိန်တွင် ခိုငယ်တစ်ကောင်က ပါးစပ်ထဲရေငုံပြီး
မီးပုံထဲအခါခါ လာ,လာ သွန်ချနေလေသည်။
ထိုအခါ နံဘေးမှရပ်ကြည့်နေသောလူတို့က
၎င်းခိုသတ္တဝါအား "အသင်၏ ဤမျှလောက်သော ရေဖြင့်
မီးငြိမ်းသွားမည် ထင်ပါသလား" ဟု မေးကြရာ...
ခိုသတ္တဝါက "အိုလူသားတို့ ...
ကျုပ်ပါးစပ်အတွင်းရှိ ငုံထားသောရေသည်
ဤမျှကြီးမားသောမီးအား မငြိမ်းသတ်နိုင်သည်ကို
ကောင်းစွာ သိရှိပါသည်။
သို့သော် ဘုရားသခင် ရှေ့မှောက်ရောက်သည့်အခါ
ကျုပ်သည်မီးရှို့သူဘက်က မရပ်တည်လိုပါ။
ထို့ပြင် မတရားမှုကို လက်ပိုက်ကြည့်နေသော
အသင်တို့လို စာရင်းထဲလည်းမပါချင်ပါ
မတရားမှုကို လက်မခံသော မီးငြိမ်းပေးသူစာရင်းတွင်သာ
ပါဝင်လိုသည့်အတွက် မိမိတတ်နိုင်သမျှဖြင့်
မီးငြိမ်းပေးနေခြင်းပင် ဖြစ်သည် " ဟုပြောလေသည်။
မိမိရပ်တည်ချက်ကို မြင်တတ်သူများအဖို့
လုံလောက်ပါသည်။
ဟုတ်ကဲ့...
ကျွန်တော် ခိုငယ်တစ်ကောင်ပါ။
Credit:Original Uploader
Friday, January 7, 2022
story
Subscribe to:
Post Comments (Atom)
No comments:
Post a Comment