Sunday, December 31, 2017

ပြာသိုလ်လပြည့် အမေများနေ့အကြောင်း






(( ပြာသိုလ်လပြည့် အမေများနေ့အကြောင်း))

အမေများနေ့နဲ့ပက်သက်ပြီး သိသင့်သိထိုက်တာလေးတွေကို
ရှာဖွေစုဆောင်းပြီး လေ့လာချင်သူများအတွက် တစ်စုတစ်ပေါင်း
တည်း တင်ပေးလိုက်ပါတယ်။

ပြာသိုလ်လပြည့် (သို့)မြန်မာတို့ရဲ့အမေများနေ့
မြန်မာနိုင်ငံတွင် အမေများနေ့ကို ဆရာကြီးဦးသုခက စတင်သက်မှတ်ပေးခဲ့။ထိုနေ့သည် ပြာသိုလ်လပြည့်ဖြစ်သည်။
ကမ္ဘာ့မိခင်များနေ့ဖြစ်ပေါ်လာပုံ-
မိခင်များနေ့စတင်ဖြစ်ပေါ်လာသည်မှာ စားရေးဆရာမ၊ကထိက
လူမှုရေး ပြုပြင်ရေးသမားဖြစ်သူမစ္စဂျူလီယာသည် ဘောစတွန်မြို့ရှိ သူမ၏နေအိမ်၌ မိခင်များနေ့ကို(၁၈၇၂)တွင်
စတင်ကျင်းပခဲ့သည်။ သူမသည် နေအိမ်၌မိခင်များနေ့ကို တစ်ကိုယ်တော်ကျင်းပခဲ့ခြင်းဖြစ်ပြီး(၁၈၈၇)တွင် တင်တပ်ကီပြည်နယ်မှ ကျောင်းဆရာမ မေရီဆင်သိန်းသည် မစ္စဂျူလီယာ၏တိုက်တွန်းချက်ဖြင့် မိခင်နေ့ကိုကျင်းပခဲ့သည်။

ထိုသို့ပင် (၁၉၀၄)တွင် အင်ဒီယားနားပြည်နယ်မှ ဖရင့်စ်အီဟဲရင်သည်လည်းမိခင်များနေ့ကိုကျင်းပခဲ့ပြီး သုံးနှစ်အကြာ ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်ဆိုသူက(၁၉၀၇)တွင် မိခင်များနေ့ကို ယင်းထက်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် ကြိုးစားအားထုတ်ခဲ့သည်။ယင်းသို့မိခင်များနေ့(သို့)အမေနေ့ကို မေလ၏ဒုတိယတနင်္ဂနွေနေ့အဖြစ်သက်မှတ်ခဲ့ပြီး (၁၉၀၈)
မေလ ၁၀ရက်နေ့ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့သည်။
ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်သည် အခြားပြည်နယ်နှင့် တိုင်းတွေကပါ မိခင်များနေ့ကိုကျင်းပလာစေရန် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ပညာရေးစသည့် နယ်ပယ်တို့မှ သြဇာရှိပုဂ္ဂိုလ်များကို စာနဲ့တစ်မျိုး ကိုယ်တိုင်တွေ့စုံ ဆွေးရွေး၍တစ်ဖုံ ကြိုးစားအားထုတ်ခဲ့ကာ(၁၉၁၄)တွင် မိခင်များနေ့ကို အခြားသောပြည်နယ်နှင့်တိုင်းတွေကပါ အသိမှတ်ပြု ကျင်းပလာကြောင်းလေ့လာသိရှိရသည်။

အမေရိကန်သမ္မတကြီး ဝူးဒရိုးဝီလ်ဆင်သည်ကွန်ကရတ်လွှတ်တော်၌
" ကမ္ဘာပေါ်တွင် အကောင်းဆုံးမိခင်ဖြစ်သည့် သင်၏မိခင်ကိုဂုဏ်ပြုလျှက် "စသည်ဖြင့်မိခင်နေ့ကိုကျင်းပရန်
သက်မှတ်ပေးခဲ့ကာ ယင်းအချိန်မှစ၍ လက်တင်အမေရိကနှင့် ရှေ့ပိုင်းနိုင်ငံများတွင် မေလ၏ဒုတိယတနင်္ဂနွေနေ့တိုင်း
မိခင်များနေ့ကို ယနေ့ထိကျင်းပလာခဲ့ကြသည်။

(( မြန်မာနိုင်ငံ၌အမေနေ့ဖြစ်ပေါ်လာပုံ ))
မြန်မာနိုင်ငံတွင် မြန်မာ့ရေမြေစရိုက် သဘာဝနှင့် လိုက်လျောညီထွေဖြစ်သည့် ပြာသိုလ်လပြည့်နေ့တိုင်းတွင် မိခင်များနေ့အဖြစ်ကျင်းပလာခဲ့သည်မှာ
" အမေနေ့အစ ဆရာကြီးဦးသုခက "ဟုမှတ်သားခဲ့ဖူးသည်။
မြန်မာပြည်တွင်အမေနေ့အဖြစ်သက်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီး ဦးသော်ဇင်၊စာရေးဆရာကြီးဒဂုန်ဦးစန်းငွေ၊
စာရေးဆရာကြီး ဦးရန်အောင်၊စာရေးဆရာကြီး ဦးတတ်တိုး၊
စာရေးဆရာမကြီး လူထုဒေါ်အမာ၊စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေပညာရှင်များက ဆရာကြီးဦးသုခနှင့် တစိတ်တဝမ်းတည်း
ပါဝင်ဆောင်ရွက်၍ပြာသိုလ်လပြည့်နေ့တိုင်းကို အမေနေ့အဖြစ်သက်မှတ်ခဲ့ကြသည်။

ဆရာကြီး ဦးသုခသည်မိခင်ဖြစ်သူကို ကျိုက်လက်တွင်ထားခဲ့ပြီး
သားဖြစ်သူကို လွမ်းနေရသောမိခင်၏ ကြေကွဲခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခရင်ထဲ၌ ကိန်းဝပ်အစပျိုးခဲ့ကြောင်း၊ ဆရာကြီး ဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိတ်သက်များထံလိုက်လံဟောပြောကာ
အမေ့မေတ္တာပြန့်ပွားရေးကို စတင်လှုပ်ဆော်ခဲ့သူဖြစ်ကြောင်း
မှတ်သားခဲ့ဖူးသည်။ ပြာသိုလ်လပြည့်နေ့တိုင်းကို အမေနေ့အဖြစ်ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ်  ၁၉၉၅တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီးဦးသုခအား အမေနေ့သက်မှတ်ပေးရန် ပူဆာတိုက်တွင်းခဲ့ခြင်းကြောင့်
မန္တလေးမြို့တွင် ဆရာကြီးဦးသုခကိုယ်တိုင်ဟောပြော၍
ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ်သက်မှတ်ခဲ့သည်။
အမေနေ့ကို ပြာသိုလ်လပြည့်နေ့အဖြစ်အတည်ဖြစ်စေရန်
၁၉၉၆တွင် ဆရာဦးသုခသည် ဆရာချစ်စံဝင်းအား အားပေးဆော်သြခဲ့သည်။

အမေနေ့တွင် အဝေးရောက်သားသမီးများသည် မိခင်ထံသို့စာရေးခြင်း၊ ပို့စကတ်လက်ဆောင်ပေးခြင်း၊ဖုန်းဆတ်၍စကားပြောခြင်း မိခင်နှင့်အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးပေးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံးမီးဖ်ုချောင်ထဲ၌ချက်ပြုတ်နေသောအမေကို
မီးခိုးငွေ့ကင်းစင်သောဟိုတယ်ကြီးများ၊စေတီပုထိုးများသို့ပို့ဆောင်ပေးခြင်း၊ (တရားပွဲသဘင်သို့ ခေါ်ဆောင်သွားခြင်း)စသည်ဖြင့် အမေနေ့တွင် အမေကိုရိုသေမြတ်နိုးလေးစားကြသူများက လူမျိုးဓလေ့ယဉ်ကျေးမှုအလိုက် အမေများကို ဂရုတစိုက်ပြုစုစောင့်ရှောက်ခဲ့ကြသည်။

မြန်မာနိုင်ငံက ပြာသိုလ်လပြည့်နေ့ဖြစ်လို့ ဇန္နဝါရီလထဲမှာမို့ အစဆုံးဖြစ်တယ်။တောင်ကိုရီးယားကတော့ မေလ၈ရက်နေ့ကို
အမေများနေ့အဖြစ်သက်မှတ်တယ်။(ကွဲလွဲချက်အနည်းငယ်ရှိနိုင်ပါတယ်)

•မြန်မာနိုင်ငံ-ပြာသိုလ်လပြည့်နေ့ဖြစ်လို့ ဇန္နဝါရီလ။
•နော်ဝေ-ဖေဖေါ်ဝါရီဒုတိယ တနင်္ဂနွေ ၈.၉.၁၀။
•ဂျော်ဂျီယာ-မတ်လ၃ရက်။
•မွန်ဂိုးလီးယား-ဇွန်၁ရက်။
•ထိုင်း(ဘုရင်မမွေးနေ့)-သြဂုတ်၁၂ရက်။
•အာဂျင်တီးနား-အောက်တိုဘာ တတိယတနင်္ဂနွေ(၁၈.၁၉.၂၀)ရက်
•ရုရှား-နိုဝင်ဘာနောက်ဆုံးတနင်္ဂနွေ။
•တီမော၊လက်ဆေး-နိုဝင်ဘာ၃ရက်။
•အင်ဒိုနီးရှား-ဒီဇင်ဘာ၂၂ရက်​​။
(လက်​လှမ်းမှီသ​လောက်​မျှသာ ​ရေးသား​ဖော်​ပြလိုက်​ပါတယ်​။

အမေတွေ
သက်ရှိထင်ရှားရှိကြသူတွေအားလုံး
Happy Mother's Day ကျင်းပနိုင်ကြပါစေ။
မိဘမေတ္တာတရားကို နားလည်နိုင်ကြပါစေ။

အတုမရှိတဲ့ နှလုံးသား
အမုန်းမရှိတဲ့ ချစ်​ခြင်း​တွေနဲ့
အပြုံးမပျက်​ပဲ
နွေး​ထွေးတဲ့ ​မေတ္တာ
အစဉ်​အမြဲ​ပေးနိုင်​တာ အ​မေရယ်​ပါ။

           credit                         မေတ္တာများစွာဖြင့်
                                           ဇာတိချစ်သူ အရှင်

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


Posted via Blogaway


No comments:

Post a Comment