Sunday, October 9, 2022

ဘဝအတွက် သိထားသင့်တဲ့ အသိတရား (၅)ခု Five things you should know for life

ဘဝအတွက် သိထားသင့်တဲ့ အသိတရား (၅)ခု

Five things you should know for life 


(၁) ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက် အပြေးမမြန်ဘူး။ ဒါပေမယ့် ရေထဲမှာတော့ ယုန်ထက် အပြေးမြန်ပါတယ်။

“ကိုယ့်ကိုယ်ကိုယ် နေရာအထားမမှားပါစေနဲ့” 


(၂) ကျီးကန်းက သိမ်းငှက်ကို အတုခိုးပြီး သိုးကို သွားဖမ်းတယ်။ သူ့လက်သည်းတွေ သိုးအမွေးမှာ ငြိနေခဲ့လို့ နောက်ဆုံးမှာ သိုးကျောင်းသားရဲ့ လက်ချက်နဲ့ သေပွဲဝင်ခဲ့ရတယ်။ ပြောချင်တာက ငှက်တိုင်းက သိမ်းငှက် မဖြစ်နိုင်ပါဘူး။ “ကိုယ့်ကိုယ်ကို သိမှ လှလှပပရှင်သန်နိုင်မယ်” 


(၃) မြင်းက ကုလားအုတ်ကို တွေ့တော့ ကုလားအုတ်ရဲ့ နောက်ကျောဖုကို ရုပ်ဆိုးလွန်းလို့ ဆိုပြီး လှောင်ရယ်တယ်။

ကုလားအုတ်က မြင်းကို ဘာမှ ပြန်မပြောဘူး။ သဲကန္တာရမှာ ခရီးအတူသွားတော့ ကုလားအုတ်က သဲကန္တာရကို ဖြတ်ကျော်နိုင်တယ်။ မြင်းသေကိုတွေ့တော့ ကုလားအုတ်က ရယ်တယ်။ “တခြားသူရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကို မလှောင်ပြောင် မကဲ့ရဲ့ပါနဲ့။ တစ်နေ့ သင်လည်း အရယ်ခံရတတ်တယ်” 


(၄) နွေရာသီမှာ ပူပြင်းလွန်းတော့ မြင်းကျားက

မြစ်ဘေးမှာ ရေသွားသောက်တယ်။ ရေမြင်း ရေစိမ်နေတာ တွေ့တော့ “သူတောင် ရေကစားနိုင်သေးတာပဲ။ ငါလည်း ကစားနိုင်တယ်”ဆိုပြီး မြစ်ထဲခုန်ဆင်းတယ်။သိပ်မကြာပါဘူး။ မိကျောင်း စားတာကို ခံလိုက်ရတယ်။ “ခွန်အားမရှိရင် မကစားပါနဲ့ အရှုံးကို သင်ခံနိုင်မှာ မဟုတ်လို့ပါ” 


(၅) လေထဲမှာ သိမ်းငှက် လွတ်လွတ်လပ်လပ် ပျံသန်း နေတာကိုတွေ့တော့ ဘဲတစ်ကောင်က အားကျတယ်။

ငါလည်း သူ့လိုပဲ လုပ်နိုင်တယ်ဆိုပြီး အမြင့်ပေါ်တက် ခုန်ချတယ်။ အတောင်ပံနှစ်ချက် မခတ်ရသေးခင် အောက်ကျပြီး သေသွားတယ်။ “ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု မလုပ်ထားခင်မှာတော့ ကိုယ်မသိတဲ့အရာ နယ်ပယ်ကို မျက်ကန်းတောတိုး မစမ်းပါနဲ့” 


Credit: Original Writer



No comments:

Post a Comment