Monday, April 6, 2020

ဟောဒီဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊

ဟောဒီဘဒ္ဒကမ္ဘာမှာ ...

အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ...

ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ...

ယသော်ဓယာဒေဝီပဲ ။

ဒီပင်္ကရာဘုရားရှင်လက်ထက်မတိုင်မီ ရှေ့ဘုရားရှင်တစ်ဆူလက်ထက်မှာကထဲက ...

ပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။

ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း ...

သုမေဓာရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ ...

ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဆုတောင်းခဲ့တယ် ။

တကယ့် Platonic Love ပဲ ။

နောက်ဆုံးဘဝမှာ ...

ကြင်ယာတော်သိဒ္ဓထ္ထမင်းသားတောထွက်တော်မူတဲ့အခါ ...

အထောက်တော်တွေကို လွှတ်ပြီး ...

သိဒ္ဓထ္ထမင်းသားက တစ်နပ်ပဲစားတော့တယ်ဆိုရင် တစ်နပ်ပဲစားတယ်

သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သစ်သီးကိုပဲ စားတော့တယ်။

မြေမှာအိပ်တယ်လို့ သိရရင် ... သူလည်းသလွန်ပေါ်ကဆင်းပြီး မြေမှာအိပ်တယ် ။

ပါရမီဖြည့်ဖက်ပီသစွာ ... နေထိုင်ခဲ့တယ် ။

ပထမဆုံးအကြိမ် ... ဘုရားရှင်က ကပ္ပိလဝထ္ထုကို ကြွတော်မူလာတော့ ...

ဘုရားရှင်ရဲ့ ခြေတော်စုံကို ဆံပင်နဲ့ပွတ်ပြီး သည်းထန်စွာငိုကြွေးတယ် ။

ခွဲခွာခဲ့ရတာ ၈ နှစ်လောက်ကြာခဲ့ပြီကိုး ။

သားတော်ရာဟုလာကို ဒါမင့်အဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။

တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့စေတနာလို့ထင်တယ် ။

ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေကိုနာကြားပြီး ရဟန္တာဖြစ်တော်မူတယ် ။

ယသော်ဓယာထေရီမဟာ ပရိနိဗ္ဗာန်ပြုမယ့်ဆိုတာသိပြီဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီးဘုရားဆီကိုလာတယ် ။

" ဒီနေ့ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်ဘုရား " လို့ လျောက်တယ် ။

ပြီးတော့ တစ်ဆယ့်ခြောက်သချေၤနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာ ... များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို ...

နောက်ဆုံးကြည့်ခြင်းနဲ့ ... ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန်ကြည့်တယ် ။

ပြီးတော့ ...

နောက်ဆုံးစကား... သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့

နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) ကိုဆိုတယ် ...

" အရှင်ဘုရား ...

တပည့်တော်မ ဟာ ... အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲအတူရှိနေခဲ့ပါတယ်ဘုရား

ကြီးကျယ်မြင့်မြတ်တဲ့ဘဝတွေကို အတူခံစားစံစားခဲ့သလို ...

ဆင်းရဲဒုက္ခတွေကို အတူခံစားခဲ့ပါတယ်ဘုရား

ချမ်းသာခြင်းကို အတူခံစားခဲ့သလို ... ဆင်းရဲဒုက္ခကြုံရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘုရား ... " လျောက်တယ် ။

ပြီးတော့ ကောင်းကင်ကိုဈာန်နဲ့ပျံကြွပြီး ...

ဆင်ရုပ် ၊မြင်းရုပ် ၊သိကြားမင်းရုပ်၊နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ ... နာနာရုပ်တွေကို

တန်ခိုးနဲ့ဖန်ဆင်းပြီးပူဇော်တယ် ။

ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်လောင်တယ် ။

ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျောက်လုံး ချစ်ခဲ့တဲ့သူ ...

ကိုယ်ချစ်တဲ့သူကို နောင်ဘဝထိ သံသရာထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူပါရမီဖြည့်ခဲ့တဲ့ ...

အချစ်တတ်ဆုံး ပုဂ္ဂိုလ်ကြီးပါ ။

ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မတွက်ပဲ ချစ်သွားခဲ့တဲ့ ...

အချစ်တတ်ဆုံး မိန်းမပါ ။

Ref : ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီနှင့် ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏တရားတော်

Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


No comments:

Post a Comment