Friday, April 7, 2017

မြန်​မာသမိုင်း






သက္ကရာဇ် ၄၀၆ တွင် နန်း​တက်​သော ပုဂံ အ​နော်ရထာမင်း​ လက်ထက်ဝယ် လူစွမ်း​​ကောင်း​ ​လေး​​ယောက် ​ပေါ်​ပေါက်လာ၏။

ကျန်စစ်သား

အ​နော်ရထာမင်း​အား​ ​ဝေသာလီမင်း​က ဆက်လိုက်​သော ပဉ္စကလျာဏီ မင်း​သမီး​ကို သွား​၍​ဆောင်ယူခဲ့​​သော ရာဇတမန် အမတ်က မိမိကိုယ်တိုင်လိုသဖြင့်​ ကုန်း​​ချော​သော စကား​ကို ယုံ၍ အ​နော်ရထာက ထို​မင်း​သမီး​ကို နှင်ထုတ်ပြီး​လျှင် (စစ်ကိုင်း​နယ်) ပရိမ္မ အရပ်တွင် ထား​​လေ၏။
အ​နော်ရထာနှင့်​ စွဲ၍ရ​သော သ​န္ဓေ ရင့်​မာခြင်း​သို့ ​ရောက်​သောအခါ ​မြေကြီး​ပြင်း​စွာလှုပ်၍ အ​နော်ရထာက အ​ကြောင်း​ကို ​မေး​​သော် ​ဗေဒင်တတ် ပညာရှိတို့က " မင်း​​လောင်း​တစ်ပါး​ ​မြောက်အရပ်၌ သ​န္ဓေတည်သည့်​ နိမိတ် ဖြစ်ပါသည် " ဟု ​လျှောက်ကြ၏။

ကျန်စစ်သား​ မင်း​​လောင်း​ကို ဖွား​မြင်ပြီး​​နောက် အရွယ်​ရောက်​သောအခါ မယ်​တော်သည် မင်း​ဆရာ​ထံ​အပ်​၍ ရဟန်း​ပြုစေ၏။ ​ဗေဒင်တတ် ပညာရှိတို့က " ရဟန်း​ပြုပြီ " ဟု​လျှောက်၍ ၎င်း​တို့ အကြံ​ပေး​ချက်အတိုင်း​ ရဟန်း​တို့ကို ဆွမ်း​ပင့်​​ကျွေး​၍ ကရား​နှင့်​ ​ရေတိုက်​တော် မူရာ ကျန်စစ်သား​အ​လောင်း​ ရဟန်း​၏ ခံတွင်း​မှ စစ်​ပြောင်​ပြောင် ထွက်သည်ကို ​တွေ့​ရ​လေ၏။
ဤနည်း​ဖြင့်​ ကျန်စစ်သား​ကို ​တွေ့​ရ​သော် မင်း​ကြီး​က " ငါ့​စည်း​စိမ်ကို လုမည်​လော " ဟု​မေး​လျှင် " မင်း​ကြီး​​နောက် မင်း​တစ်ဆက် လွန်မှ မင်း​ဖြစ်ပါလိမ့်​မည် " ဟု ​လျှောက်ကြ၏။ မင်း​ကြီး​သည် ကျန်စစ်မင်း​သား​ကို လူထွက်​စေပြီး​ အပါး​​တော်တွင် ခစား​​နေ​စေ၏။

င​ထွေး​ရူး

င​ထွေး​ရူး​ကား​ မြင်း​မူအရပ်သား​။ ထန်း​တစ်​ထောင်ကို တက်ကာ ဆင်း​ကာ လှီး​သည်မှာ တစ်မနက်ခင်း​တွင် ပြီး​နိုင်​လေသည်။ အများ​အား​ဖြင့်​ ထန်း​ပင်အဖျား​ချင်း​ နီး​စပ်ရာ၌ ခုန်ကူး​နိုင်​လေသည်။

ငလုံး​လက်ဖယ်

ငလုံး​လက်ဖယ်ကား​ ပုပ္ပါး​အရပ်သား​။ နွား​အရှဉ်း​ ၃၀ ကို ထွန်၌တင်ပြီး​လျှင် ထွန်​ရေး​မှန်​အောင် တက်ချည်ဆင်း​ချည် အနှံ့ထွန်နိုင်၏။

ညောင်ဦး​ဖီး

ညောင်ဦး​ဖီး​ကား​ ​ညောင်ဦး​အရပ်သား​။ ​ညောင်ဦး​ကမ်း​ထိပ်က ​ပြေး​ဆင်း​၍ ဧရာဝတီမြစ်ကို ဖြတ်ကူး​ (​အောင်သာဘက်) ၊ တစ်ဖက်ကမ်း​တွင် ​ခြေမ​ထောက်ခဲ့​ဘဲ ပြန်၍ ကူး​ခဲ့​ပြန်သည်။ ​ညောင်ဦး​ကမ်း​ပါး​သို့ ​ရောက်​လျှင် ကမ်း​မြင့်​ထိပ်သို့ ​ပြေး​တက်နိုင်​သေး​၏။

ဤသတ္တိ​ကောင်း​ ​လေး​ဦး​ကို မင်း​ကြီး​က ​ခေါ်ယူ၍ အပါး​​တော်တွင် ခစား​အမှု​တော်ထမ်း​​စေ၏။ တစ်ခါ​သော် မြင်း​ကြမ်း​ ​လေး​စီး​သည် အရှင်လည်း​ မရှိ၊ ဖမ်း​၍လည်း​ မရနိုင် ရှိသည်ကို ထိုလူစွမ်း​​ကောင်း​ ​လေး​​ယောက်​တို့သည် မြင်း​တို့ကို ​ရေထဲသို့​မောင်း​ချ တက်စီး​ကြရ​လေ၏။ ဤမြင်း​စီး​ကို စီး​၍ အမှု​တော်ကို ထမ်း​ကြရ၏။
တစ်ခါ၌ ဥဿာပဲခူး​က ကြွမ်း​စစ်သည်များ​ ဝင်​ရောက်တိုက်ခိုက်လာသဖြင့်​ လာ​ရောက်ကူညီပါဟု ​လျှောက်​လာ၏။

အ​နော်ရထာမင်း​က မြင်း​သည်​တော်​ကောင်း​ ​လေး​သိန်း​ စစ်ကူလာ​စေမည်ဟု မိန့်လိုက်၏။ သို့​မိန့်သည့်​အတိုင်း​ ဤလူစွမ်း​​ကောင်း​ ​လေး​​ယောက်ကို မြင်း​နှင့်​တကွ လွှတ်လိုက်၍ ​ရောက်လျှင် ဥဿာပဲခူး​မင်း​သည် မြင်း​​လေး​သိန်း​ လာမည်ဆိုလျက် ယခု ​လေး​စီး​သာ လာ​ရောက်​လေသည် ဟူ၍ မ​ကျေမနပ် ရှိ၏။

လေး​ဦး​သား​တို့ကလည်း​ မိမိတို့​ မြင်း​​လေး​စီး​သည် မြင်း​​လေး​သိန်း​နှင့်​ သတ္တိညီမျှပုံကို ပြလို၍ မြင်း​စီး​ခြင်း​ အမျိုး​​မျိုး​နှင့်​ အစွမ်း​သတ္တိ အမျိုး​မျိုး​တို့​ကို ပြကြကုန်၏။
ထိုအခါ ဥဿာမင်း​နှင့်​တကွ ပြည်သူပြည်သား​ အ​ပေါင်း​တို့သည် များ​စွာအံဩကြလျက် လူမက နတ်ဖြစ်​ကြ​ရာသည်ဟု များ​စွာ ​ကျေနပ် ချီး​မွမ်း​ကြကုန်၏။
ထို့နောက် များ​လှစွာ​သော ကြွမ်း​စစ်သည်တို့​ကို သူရဲ​ကောင်း​ ​လေး​ဦး​တို့သည် ​လေး​စုကွဲ​အောင် အလယ်​ကို ထွင်း​၍ တိုက်ကာ ကြွမ်း​စစ်သည် ဗိုလ်မှူး​ စစ်သူကြီး​ ​လေး​​ယောက်တို့ကို ဖမ်း​ယူ​လေ၏။ ကြွမ်း​စစ်​သည်​တို့​​သည် လက်နက်တို့ကို စွန့်​ပစ်၍ ခါး​တွင် အဝတ်နှင့်​သာ ​ပြေး​ကြရ​လေသည်။

ဥဿာပဲခူး​မင်း​သည်လည်း​ လွန်စွာ အား​ရ​တော်မူ၍ သူရဲ​ကောင်း​ ​လေး​​ယောက်အား​ ကြီး​စွာ​သော ဆုလာ်​ပေး​​လေ၏။ ပြီး​မှ အ​နော်ရထာမင်း​​စောအား​လည်း​ ဥဿာမင်း​တို့ အဆက်ဆက် ကိုး​ကွယ်​သော ဓာတ်​တော်​နှင့်​တကွ အလွန်အဆင်း​လှပ​သော သမီး​​တော် မဏိစန္ဒာ ကို ဆက်သလိုက်​လေသတည်း​။

ကျန်စစ်သား​သည် ထီး​နန်း​နှင့်​စပ်၍ သစ္စာရှိပုံ

ကျန်စစ်သား​တို့သည် အထက်အဆိုပါ ဓာတ်​တော်နှင့်​ သမီး​​တော်ကို ​ဆောင်ယူခဲ့​ကြရာ လမ်း​တွင် ကျန်​စစ်​သား​​နှင့်​ မဏိစန္ဒာတို့ ချစ်ကြိုက်မိ​လေ​သော​ကြောင့်​ ခမည်း​​တော် အ​နော်ရထာ အမျက်ရှိ​လေသည်နှင့်​ ကျန်​စစ်သား​သည် ထွက်​ပြေး​တိမ်း​​ရှောင်၍ ​နေရ​လေ၏။ အ​နော်ရထာ နတ်ရွာစံလျှင် သား​​တော် ​စောလူး​မင်း​သည် ၄၃၉ ခုတွင် နန်း​တက်၏။ ထိုအခါ ရှင်လူတို့က တိုက်တွန်း​ကြသည့်​အတိုင်း​ ​စောလူး​မင်း​သည် ကျန်စစ်သား​ကို ပြန်၍​ခေါ်ယူ အပါး​​တော်၌ ခစား​​စေ၏။ ​စောလူး​မင်း​၏ အထိန်း​​တော်သား​ ငရမန်ကန်း​ အား​လည်း​ ဥဿာ ပဲခူး​မြို့ကို ​ပေး​​တော်မူ၏။

တစ်ရံခါ​သော ငရမန်ကန်း​သည် ​စောလူး​မင်း​အား​ ပုန်ကန်​လေလျှင် ​စောလူး​မင်း​နှင့်​ ကျန်စစ်သား​တို့ သွား​​ရောက်တွန်း​လှန်ရာ အ​ရေး​နိမ့်​ကြ၍ ​စောလူမင်း​ကို ငရမန်ကန်း​က ဖမ်း​ဆီး​ရမိ အချုပ်နှင့်​ ထား​​လေ၏။

ကျန်စစ်သား​ကား​ လက်လွတ်ထွက်​ပြေး​ခဲ့​၍ ပုဂံသို့​​ရောက်လျှင် မှူး​ကြီး​မတ်ကြီး​တို့က " ​စောလူး​မင်း​ မရှိ​လျှင် အရှင်သာ ထီး​နန်း​ကို ရထိုက်ပါသည် " ဆို၍ ကျန်စစ်သား​အား​ မင်း​အဖြစ်ကို ​ပေး​ကြကုန်၏။
သစ္စာတရား​ရှိ​သော ကျန်စစ်သား​သည်ကား​ ချက်ချင်း​ လက်မခံဘဲ " ငါ့​အရှင် ရှိ မရှိကို စုံစမ်း​ဦး​မည် ၊ ရှိ​သော် ငါ့​အရှင်ကို ယူ၍ နန်း​တင်မည် ၊ မရှိမှ ငါ မင်း​အဖြစ်ကို လက်ခံမည် " ဟု ဆို​လေ၏။

ဆိုသည့်​အတိုင်း​ ကျန်စစ်သား​သည် စုံစမ်း​ပြီး​လျှင် ​စောလူး​ကို ချုပ်ထား​ရာမှ ညဉ့်​အခါတွင် ပခုံး​ဖြင့်​ထမ်း​၍ ခိုး​ယူ​လေ၏။ ​စောလူး​သည်ကား​ ကျန်စစ်သား​၏ ပခုံး​ထက်တွင် ဤသို့ ကြံ၏။ ကျန်စစ်သား​သည် ခမည်း​​တော်က မျက်ဖူး​သူဖြစ်သည်။ ငါ့​ကို သတ်လို၍ ခိုး​သည် ထင်သည် ၊ ငရမန်ကန်း​ကား​ ငါ့​အထိန်း​​တော်သား​ ဖြစ်၍ ငါနှင့်​ နို့စို့ဖက် ဖြစ်သည် ၊ ငါ့​ကို မသတ်တန်ရာဟု ကြံ​အောက်​မေ့​ပြီး​လျှင် " ကျန်စစ်သား​ ငါ့​ကို ခိုး​ယူပါသည် " ဟူ၍ ဟစ်​လေ၏။ ကျန်စစ်သား​ကလည်း​ " ဟယ် ... မင်း​စိုး​ မင်း​ညစ် ၊ မွန်တို့လက်တွင် ​သေရစ်​လေ​တော့​ " ဆို၍ ပစ်ခဲ့​​လေ၏။

ထိုအခါ ငရမန်ကန်း​ စစ်သည်တို့ ကြား​သိ လိုက်လံကြ​သော​ကြောင့်​ ကျန်​စစ်​သား​ ​ပြေး​ရ​လေ၏။ ငရမန်ကန်း​သည်ကား​ ​စောလူမင်း​ ရှိ​နေလျှင် ရန်​အေး​မည် မဟုတ် ဟူ၍ သတ်ပစ်လိုက်​လေ၏။
ဤတွင် ကျန်စစ်သား​သည် ထီး​နန်း​စည်း​စိမ်ကို လက်​ရောက် ရရှိပြီး​ ဖြစ်​သော်လည်း​ ​ကျေး​ဇူး​သစ္စာကို ​စောင့်​ကာ မိမိအရှင်ကို နန်း​တင်မည်ဟု ကြိုး​စား​အား​ထုတ်ခြင်း​ကို ပြုလုပ်​ပေသတည်း​။

အစွမ်း​ရှိ​သော ငထီး​လှိုင် ရွာသူကြီး

ဆိုခဲ့​သည့်​အတိုင်း​ ကျန်စစ်သား​ ​ပြေး​ခဲ့​ရာ ငထီး​လှိုင် အရပ်သို့​ ​ရောက်လျှင် ထို ငထီး​လှိုင် ရွာသူကြီး​ လုပ်​သော ယာတွင် သခွား​ ​တောင်း​​လေ၏။ ငထီး​လှိုင် ရွာသူကြီး​ကား​ အား​အင်ကြီး​လသူ ဖြစ်၍ ဆူး​ဆည်း​ကို တံခါး​ဝ မထား​ဘဲ ဆင်တစ်ရပ်ခန့်​ အမြင့်​ရံပြီး​လျှင် ခုတ်၍ ထွက်ဝင်သည်။ " ငါ့​ကဲ့​သို့ ခုန်၍ ဝင်နိုင်​သော် ငါ့​သခွား​ကို စား​​တော့​ " ဟုဆို​လေ၏။ ကျန်စစ်သား​လည်း​ လှံ​ထောက်ကာ ခုန်ဝင်ပြီး​​သော် သခွား​အချို့​ကို စား​၏။ အချို့​ကို နွယ်နှင့်​ သီပြီး​လျှင် ထိုဆင်တစ်ရပ်ခန့်ရှိ​သော ဆူး​စည်း​ကို ခုန်၍ ထွက်​လေ၏။ ထိုအခြင်း​အရာကို ငထီး​လှိုင် ရွာသူကြီး​ မြင်လျှင် ဤသူကား​ အစွမ်း​သတ္တိနှင့်​ ဘုန်း​ကြီး​သူ ဖြစ်​ပေသည်။ အား​ကိုး​ထိုက်​သူ ဖြစ်​ပေ၏ဟု မိမိ၏ အဆင်း​အင်္ဂါနှင့်​ ပြည့်​စုံ​သော သမီး​ကို ဆက်၍ ကျွန်ခံ​လေ၏။ ဤတွင်မှ ကျန်​စစ်သား​သည် ' ထီး​လှိုင်ရှင် ' ဟု တွင်​လေသတည်း​။

ကျန်စစ်သား​မင်း​ ​ကျေး​ဇူး​သစ္စာ သိတတ်ခြင်း

ကျန်စစ်သား​သည် ခမည်း​​တော် အ​နော်ရထာမင်း​ မျက်၍ ​ရှောင်တိမ်း​​နေရစဉ်က ​ကြောင်ဖြူရပ် ၊ မထီး​တူမ ၊ သမ္ဘူလနှင့်​ သင့်​​နေ၏။ ​နောက် ​စောလူး​ မင်း​ဖြစ်၍ ​ခေါ်​သောအခါ သမ္ဘူလမှာ သ​န္ဓေနှင့်​ ဖြစ်သဖြင့်​ အဖိုး​များ​စွာ ထိုက်တန်​သော လက်စွပ်ကို ​ပေး​၍ " သမီး​မိန်း​မ ဖွား​လျှင် ဤလက်စွပ်ကို ​ရောင်း​ချစား​​သောက် ကြ​လေ ၊ သား​​ယောက်ျား​ဖွား​လျှင် ပုဂံသို့ ဤလက်စွပ်နှင့်​ လိုက်လာခဲ့​ " ဟု မှာထား​ခဲ့​​လေ၏။

ဤသို့​ ဖြစ်ပျက်ပြီး​​နောက် ​စောလူး​မင်း​ နတ်ရွာစံ၍ ကျန်စစ်သား​ နန်း​တက်ရ၏။ ကျန်ရစ်​သော သမ္ဘူလ​မှာ​လည်း​ သား​​ယောက်ျား​ ဖွား​၍ ခုနစ်နှစ်သား​ အရွယ်သို့ ​ရောက်ခဲ့​၏။ ကျန်စစ်သား​ နန်း​စံ နှစ်နှစ်တွင် သမ္ဘူလ​​​ သည် ​ရှေး​ကမှာရင်း​အတိုင်း​ လက်စွပ်နှင့်​တကွ ခုနစ်နှစ် သား​ကို လက်ကကိုင်ကာ ပုဂံသို့ လိုက်​လာခဲ့​၏။
ပုဂံသို့ရောက်လျှင် ကျန်စစ်သား​မင်း​ကြီး​ ဗိုလ်ရှုသဘင် ခံ​နေခိုက် ဖြစ်သဖြင့်​ နန်း​​တော်သို့ မဝင်ဝံ့​​သော​ကြောင့်​ နန်း​​တော်​ရှေ့​၌ သား​ငယ်ကို လက်ကကိုင်ကာ ​တောင်သွား​ချည် ၊ ​မြောက်သွား​ချည် ​နေရ​လေ၏။

မင်း​ချင်း​တို့ကလည်း​ " ဟယ် မိန်း​မ ၊ ငါတို့မင်း​ကြီး​ ထွက်​တော်မူလာလိမ့်​မည် ၊ သည်တွင်မ​နေနှင့်​ ၊ ထွက်​သွား​​လေ " ဟု နှင်ကြကုန်၏။ သမ္ဘူလကလည်း​ " မင်း​ကို ​လျှောက်ရန် ရှိပါသည် ၊ ​လျှောက်ပါရ​စေဦး​ " ဆို၍ မထွက်ဘဲ ​နေ​လေ၏။
ထိုအခါ မင်း​ချင်း​တို့က မင်း​ကြီး​အား​ ဝင်၍​လျှောက်​သော် ထိုသား​အမိကို ​ရှေ့တော်သို့ ​ခေါ်၍ မြင်​တော်​မူလျှင်ပင် " မှူး​မတ်များ​တို့​ ဤမိန်း​မကား​ ငါ၏ ​ကျေး​ဇူး​ရှင်တည်း​။

ငါသည် သာမည လူတစ်​ယောက် အဖြစ်​ဖြင့်​ ​ပြေး​လွှား​ ပုန်း​​အောင်း​​နေရစဉ်က ငါ့​ကို ကြည့်​ရှုပြုစု ​ကျွေး​​မွေး​​ပေသည်။ ​ကျေး​ဇူး​ကြီး​လှ၏ " ဟု မိန့်​​တော်မူ၏။ ပြီး​မှ သား​​တော်ကို​ခေါ်၍ ရင်ခွင်၌ ထား​​တော်မူလျက် ဤသို့ မိန့်တော်မူ၏။ " မှူး​မတ် များ​တို့ ' သား​ကား​ အရင်း​ ၊ ​မြေး​ကား​ အဖျား​ ' ဟူ၍ စကား​ပုံ ရှိသည်။ ​မြေး​​တော်ကို (သမီး​​တော် ​ရွှေအိမ်သည်၏ သား​ ၊ အ​လောင်း​စည်သူကို ဆိုလိုသည်) မင်း​အဖြစ်​ပေး​ပြီး​ခါ ဖြစ်သဖြင့်​ ' ​မြေး​ကား​အရင်း​ သား​ကား​အ​ဖျား​ ' ဖြစ်ရ​ချေပြီ " ဟု မိန့်​ပြီး​မှ သမ္ဘူလကို ' ဦး​​ဆောက်ပန်း​ ' အမည်နှင့်​ ရခိုင်ပြည်ဘက် ​တောင်စဉ် ခုနစ်​ခရိုင်ကို ​ပေး​၍ မင်း​ပြုစေ၏။

ဤတွင် ​ကျေး​​တောသူ ဆင်း​ရဲသူ ဖြစ်​သော်လည်း​ စိတ်​စေတနာ ​ကောင်း​စွာဖြင့်​ ပြုစုဖူး​​သော ​ကျေး​ဇူး​ကို ​ထောက်၍ ကျန်စစ်သား​ မင်း​က မိဖုရား​​မြှောက်ခြင်း​ ဖြစ်​လေသည်။

http://colourful-flatlet.blogspot.com

Posted by မင်းအရိပ်


မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕



Posted via Blogaway


No comments:

Post a Comment